သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ပစ်မှုဖြစ်တဲ့ မြို့မှာ ကျောင်းတွေပြန်ဖွင့်


ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ ၆ နှစ်ကနေ ၁၀ နှစ်အတွင်း ကလေးငယ်တွေအတွက် လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများ အမှတ်တရ ပို့ဆောင်ထားပုံ။
ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ ၆ နှစ်ကနေ ၁၀ နှစ်အတွင်း ကလေးငယ်တွေအတွက် လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများ အမှတ်တရ ပို့ဆောင်ထားပုံ။
အမေရိကန်နိုင်ငံမှာ မူလတန်းကျောင်းတကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးငယ် ၂၀ နဲ့ လူကြီး ၆ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု ကော်နက်တိကက်ပြည်နယ် နယူးတောင်းမြို့မှာ ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေကို ဒေသစံတော်ချိန် အင်္ဂါနေ့မှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အဲဒီ သောကြာနေ့ကဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဟာ အမေရိကန်နိုင်ငံသမိုင်းမှာ စာသင်ကျောင်း တကျောင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးပစ်ခတ်မှုဖြစ်ပါတယ်။ အခင်းဖြစ်ခဲ့တဲ့ Sandy Hook မူလတန်းကျောင်းမှအပ New Town မြို့မှာရှိတဲ့ ကျန်တဲ့ ကျောင်းတွေအားလုံး ပြန်ဖွင့် အင်္ဂါနေ့မှာ ပြန်ဖွင့်တော့မှာပါ။

ကျောင်းတွေပြန်တက်ကြမဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ ကျောင်းအုပ်ချုပ်ရေး ဝန်ထမ်းတွေကို ရဲတပ်ဖွဲ့နဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့အရာရှိတွေက ဝိုင်းဝန်းစောင့်ရှောက်ပေးမှာ ဖြစ်တယ်လို့ မြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

Sandy Hook မူလတန်းကျောင်းက ကျောင်းသူကျောင်းသားတွေကို မြို့ရဲ့အနီးမှာရှိတဲ့ အသုံးမပြုဘဲထားတဲ့ ကျောင်းတကျောင်းကို ပြောင်းပြီးဖွင့်လှစ်ပေးထားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကျုးလွန်ခဲ့သူ အသက် ၂၀ အရွယ် သေနတ်သမား Adam Lanza ဟာ သူ့ရဲ့မိခင်ဖြစ်သူကို နေအိမ်မှာ ပစ်သတ်ခဲ့ပြီးနောက် မိခင်ရဲ့သေနတ်တွေကိုယူပြီး ကျောင်းကိုရောက်လာတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဝိုင်းထားချိန်မှာ သူ့ကိုယ်သူ ပစ်သတ်ပြီး အဆုံးစီရင်လိုက်ပါတယ်။ ခုချိန်ထိ ဘာကြောင့် အခုလို ပစ်ခတ်ရတယ် ဆိုတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ရဲအရာရှိတွေက ပြောပါတယ်။
XS
SM
MD
LG