သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

3D နဲ့ ဟိုလိုဂရမ်


Princess Leia, played by Carrie Fisher, in the original "Star Wars" film in 1977
Princess Leia, played by Carrie Fisher, in the original "Star Wars" film in 1977

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ကမ္ဘာကျော် Star Wars ရုပ်ရှင်ကားထဲမှာ မင်းသမီးလေး လီယာ အကူညီတောင်း တာကို သက်ရှိထင်ရှား ပုံရိပ်နဲ့ ပြသခဲ့တာကစပြီး ဟိုလိုဂရမ်ပုံရိပ်တွေအကြောင်း ပြောမဆုံးဖြစ်ခဲ့ ကြရပါတယ်

3Dလို့ခေါ်တဲ့ သုံးဖက်မြင်ပုံမှာ အလျားနဲ့ အနံသာမက ထုပါပါတဲ့ သုံးဖက်မြင်ပုံရိပ်တွေ အဖြစ်နဲ့ မြင်ရတာမို့ ရိုးရိုးဓါတ်ပုံတွေ ထက်ပိုအသက်ဝင်ပါတယ်။

ဟိုလိုဂရမ် Hologram ကတော့ holo ဟာ ဂရိဘာသာနဲ့ တခုလုံးလို့ အဓိပ္ပါယ်ရပြီး သက်ရှိထင်ရှား လက်ရှိပုံစံအတိုင်း ပုံဖေါ်ပေးနိုင်တဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

ဒီသုံးဖက်မြင်ပုံရိပ်တွေနဲ့ ဟိုလိုဂရမ် ရုပ်ကြွပုံရိပ်တွေဟာ စစ်ဖက်၊ ဆေးဖက်၊ သိပ္ပံဆိုင်ရာတွေမှာ သာမက ဆက်သွယ်ရေးမှာလည်း သိပ်ကို အသုံးဝင် ပါတယ်။

ဒီ ဟိုလိုဂရမ်ကို သုတေသနဌာနတွေမှာ လက်တွေ့လုပ်ဆောင်နိုင်နေပြီလို့ ကယ်လီဖိုးနီးယား ပြည်နယ်က သုတေသနနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ POC ကုမ္ပဏီက ဟိုလိုဂရမ်ဌာန အကြီးအကဲ ဒေါက်တာ ဦးတင်မောင်အေးကပြောပါတယ်။

လူကိုယ်တိုင်တွေ့ပြီး ပြောနေရသလို ပုံရိပ်တွေကို ဖေါ်ပေးနိုင်တဲ့ ဟိုလိုဂရမ်ကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်ရင် ကမ္ဘာ့လေထုကို ညစ်ညမ်းစေတဲ့ ဓါတ်ငွေ့တွေ ထုတ်လွှတ်စေမယ့် ယာဉ်တွေသုံးပြီး တနေရာကနေ တနေရာကို ခရီးသွားစရာမလိုအောင် တိုးတက်မှုတွေ တွေ့လာနိုင်ပါတယ်။

XS
SM
MD
LG