ရွှေဘိုနားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူအသေအပျောက်တွေ ရှိခဲ့သလို အဆောက်အဦးအများအပြားလည်း ပျက်စီးခဲ့ရပါတယ်။ ဒီငလျင်ဟာ စစ်ကိုင်း ပြတ်ရွေ့ကြောမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ တောင်မြောက်တကျော အပိုင်းလိုက် လှုပ်လေ့ရှိတယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီနာယက ဒေါက်တာ ဦးသိန်းကပြောပါတယ်။