သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး လူလိုက်ပါတဲ့ အမေရိကန် အာကာသယာဉ်

The space shuttle Endeavour lifts off from Kennedy Space Center in Cape Canaveral, Fla., Monday, May 16, 2011. The space shuttle Endeavour began a 14-day mission to the international space station. (AP Photo/John Raoux)

မေလ ၅ ရက်နေ့၊ ကြာသပတေးနေ့ဟာ ပထမဦးဆုံး အမေရိကန်အာကာသယာဉ် အာကာသထဲကို စတင် ပျံသန်းတဲ့ နှစ် ၅၀ မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့ကို နာဆာ အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့က ဖလော်ရီဒါမှာရှိတဲ့ ကနေဒီ အာကာသဌာနမှာ အခမ်အနားနဲ့ ကျင်းပခဲ့ပါတယ်။

၁၉၆၁ ခု၊ မေလ ၅ ရက်နေ့က အမေရိကန်အာကာသယာဉ်မှူး Alan Shepard ရဲ့ ၁၅ မိနစ်ကြာ အာကာသအတွင်း ပျံသန်းနိုင်ခဲ့တာက နောင် ၈ နှစ်အကြာ လကမ္ဘာပေါ်ကို လူသားတွေ ပထမဦးဆုံး ခြေချနိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့တဲ့ အမေရိကန်တို့ရဲ့ အာကာသတွင်း စူးစမ်းလေ့လာမှုတွေရဲ့ ပထမ ခြေလှမ်းအစလည်း ဖြစ်ပါတယ်။

Alan Shephard ကိုယ်တိုင်လည်း လကမ္ဘာပေါ်ကို ၁၉၇၁ ခုနှစ်မှာ ခြေချနိုင်ခဲ့ပြီး ခုချိန်ထိ လကမ္ဘာပေါ်ကို ခြေချနိုင်သူ ၁၂ ဦးထဲမှာ တဦး အပါအဝင်ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG