သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ရှိရှာပုံတော်


အင်္ဂါဂြိုဟ် (မတ်လ ၃၀၊ ၂၀၁၀)

စင်္ကြာဝဋာထဲမှာ ကိုယ်တယောက်ထဲ ပဲရှိမလား ဒါမှမဟုတ် ပုံသဏ္ဌာန်တူ တခြားသက်ရှိ သတ္တ၀ါတွေများ ရှိနေမလားလို့ စူးစမ်းချင်တဲ့ လူ့သဘာဝကို လက်တွေ့အကောင်အထည်ဖေါ်ဖို့ ကျိုးစားနေကြတဲ့ အထဲက ဒီတပတ်တော့ လပေါ်မှာဘာ့ကြောင့်သက်ရှိကို ရှာဖို့ လက်လျှော့ခဲ့ကြတယ်၊ တခြား ဘယ်ဂြိုဟ်တွေမှာ ဆက်ပြီးရှာဖို့ ကျိုးစားနေကြတယ် ဆိုတာတွေူကို တင်ပြထားပါတယ်။

သက်ရှိရဖို့အတွက် အခြေခံလိုအပ်ချက် သုံးခုရှိ ပါတယ်။ ပထမဆုံးလိုအပ်တဲ့ အခြေခံအချက်လက်က Liquid water လို့ခေါ်တဲ့ အရည်အနေထားနဲ့ရှိတဲ့ရေပါ။ အသက်ရှိဖို့အတွက် ရေလိုပါတယ်။ နောက်တခုကတော့ biological building blocks လို့ခေါ်တဲ့ ကာဗွန်ဒြပ်ပေါင်းကို အခြေပြုတဲ့ဓါတ်တွေလိုပါတယ်။ ကာဗွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်တို့ လို ဓါတ်တွေ လိုပါတယ်။ ဒါ့ပြင် energy source လို့ခေါ်တဲ့ စွမ်းအင်တခုခုရှိမှပဲ လှုပ်ရှားလို့ ရပါတယ်။

ဒီအခြေခံအချက်တွေကို ကမ္ဘာရဲ့ အရံဖြစ်တဲ့ လမှာ ရှာဖွေနိုင်ဖို့ ကျိုးစားခဲ့ပေမဲ့ မရတဲ့အတွက် အခုနောက်ပိုင်းမှာ ဒီအချက်တွေနဲ့ အနီးစပ်ဆုံး အင်္ဂါဂြိုဟ်မှာ ရှာဖွေဖို့ ကျိုးစားလာတာတွေကို၊ ပင်စယ်ဗေးနီးယား Pensylvania တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရ ဂြိုဟ်ကမ္ဘာတွေရဲ့ အနေအထားတွေကို လေ့လာနေသူပညာရှင်တဦး ဖြစ်တဲ့ ကိုအောင်စစ်နိုင် ကိုမေးမြန်းပြီး တင်ပြထားပါတယ်။

XS
SM
MD
LG