အမေရိကန်နိုင်ငံ Los Angeles မြို့မှာ မေလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ နိုင်ငံတကာ သိပ္ပံပညာပိုင်းဆိုင်ရာ ပြပွဲကို ကမ္ဘာအရပ်ရပ်က ဖူးသစ်စ သိပ္ပံပညာရှင်ပေါင်း ၁၅၀၀ လောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Intel International Science and Engineering Fair - အင်တဲလ် နိုင်ငံတကာ သိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲ လို့ အမည်ပေးထားတဲ့ ဒီသိပ္ပံပြပွဲမှာ အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ ညီမျှတဲ့ ဆုငွေတွေနဲ့ ပညာသင်စရိတ်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းသားအရွယ် လူငယ်တွေက သူတို့ တီထွင်ထားတဲ့ ခေတ်မှီ တိုးတက်တဲ့ နည်းပညာတွေကို ဒီပြပွဲမှာ ပြသခဲ့ကြတာပါ။
နိုင်ငံပေါင်း ၆၅ နိုင်ငံက ကျောင်းသားတွေနဲ့ ကြီးကြပ် ကွပ်ကဲသူတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းပညာတွေ၊ နောက် ဓာတုဗေဒနဲ့ ဆေးပညာဆိုင်ရာ နည်းပညာစတဲ့ နယ်ပယ် အသီးသီးမှာ သူတို့ စမ်းသပ် သူတို့တီထွင်ထားကြတဲ့ နည်းပညာတွေကို ပြသခဲ့ကြတာပါ။
ဒီနှစ် အဲန်တဲလ် သိပ္ပံနဲ့ နည်းပညာပြပွဲမှာ ပါဝင်ကြတဲ့ သိပ္ပံပညာရှင်အများအပြားဟာ မိန်းကလေးတွေ ဖြစ်ကြပါတယ်။
Intel နိုင်ငံတကာ သိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲ
