အီကွေဒေါနိုင်ငံရဲ့ ပြည်ပပို့ကုန် စုစုပေါင်းဝင်ငွေ တ၀က်ကျော်ဟာ ရေနံရောင်းချငွေက ရနေတာ ဖြစ်ပေမယ့်လည်း
အမေဇုန်သစ်တောအတွင်း ဇီဝမျိုးစိတ်တွေ ပေါကြွယ်ဝပြီး အင်မတန် ပျက်စီးလွယ်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှာစိုးတဲ့အတွက် အဲဒီ အမြတ်အစွန်း အများအပြားရနိုင်မယ့် ရေနံတူးဖော်ရေး အစီအစဉ်ကို အီကွေဒေါ အစိုးရက ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအကြောင်းတွေကို မှတ်တမ်းတင်ထားတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရေးဆိုင်ရာ မှတ်တမ်းတင် ရုပ်ရှင်ကား ၂ ကားကို ၀ါရှင်တန်မြို့တော်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်ရှင်ပြပွဲမှာ ပြသခဲ့ပါတယ်။