အစားထိုးစွမ်းအင်တွေအတွက် လိုအပ်နေတဲ့ ပစ္စည်းကိရိယာတွေ ထုတ်လုပ်တဲ့ဈေးကွက် တဖြည်းဖြည်း ကြီးထွားလာနေတာကြောင့် အဲဒီ ဈေးကွက်မှာ ဝင်ဆန့်နိုင်ရေးနဲ့ ကိုယ့်တိုင်းပြည်အသီးသီးက ပြည်သူတွေ အလုပ်အကိုင်ရဖို့ လုပ်ဆောင်ပေးတာက နိုင်ငံရေးအရလည်း အကျိုးအမြတ် ရှိနိုင်တာမို့ အဓိက ကုန်သွယ်ဘက်နိုင်ငံတွေအချင်းချင်းကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီလို တင်းမာမှုတွေဟာ ဝါရှင်တန်မှာကျင်းပခဲ့တဲ့ APEC ခေါ် အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုအတွင်း ထည့်သွင်းဆွေးခဲ့ကြတဲ့ အကြောင်းအရာ တခုလည်း ဖြစ်ပါတယ်။