မက္ကဆီကို ပင်လယ်ကွေ့အတွင်း မနှစ်က ရေနံတွင်း ပေါက်ပြီး ရေနံစိမ်းတွေ ယိုထွက်ခဲ့တဲ့ပြဿနာ ပေါ်လာပြီး နောက်ပိုင်း ရေအောက် စက်ရုပ်တွေ အသုံးပြုတဲ့အပေါ် လူအများ စိတ်ဝင်စားလာခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့တုန်းက Houston မြို့ နာဆာ အမေရိကန် အမျိုးသားအာကာသသိပ္ပံနဲ့ သုတေသနဌာနက ရေပေါ် ပေါ်နိုင်စွမ်းရှိတဲ့ ဓါတ်ခွဲခန်းမှာပြုလုပ်တဲ့ ပြိုင်ပွဲကို တကမ္ဘာလုံးက ရေအောက် စက်ရုပ်အကြောင်း စိတ်ဝင်စားသူ လူငယ် ၈၀၀ လောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာပါ။
အဝေးထိန်းယာဉ် Remote-Controlled Vehicles ROVs လို့ ခေါ်တဲ့ အဲဒီ ရေအောက် စက်ရုပ်တွေဟာ ရေအောက် ကြမ်းပြင်မှာ ရေနံစိမ်းတွေ ယိုစိမ့်ထွက်နေတဲ့ တွင်းဝကို ပိတ်နိုင်ဖို့ ကြိုးစားနေကြသူတွေအတွက် မျက်စိနဲ့ လက်သဖွယ် အတော်လေး အသုံးဝင်ခဲ့တာပါ။
ရေအောက် စက်ရုပ်ပြိုင်ပွဲ
