ကြာသပတေးနေ့က ကမ္ဘာမြေကို ပြန်လည် ဆင်းသက်လာတဲ့ Atlantis အာကာသယာဉ်ဟာ ၁၉၈၁ ခုနှစ်က စတင်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကြာ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်အတွက် နောက်ဆုံး ခရီးစဉ်ဖြစ်ပါတယ်။ Atlantis အာကာသ လွန်းပျံယာဉ် အနားယူပြီးနောက် အနာဂတ် အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအစီအစဉ် ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ အာကာသအတွင်း ဘယ်လို သုတေသနတွေကို လုပ်ဆောင်နေကြပါသလဲ။