နှစ်ပေါင်း ၃၀ ကြာ အမေရိကန် အာကာသ စူးစမ်း လေ့လာရေးအစီအစဉ်ကို ရပ်နားလိုက်ပြီးတဲ့နောက် အနာဂတ် အာကာသစူးစမ်းလေ့လာမှုတွေကို တမျိုးပြောင်းပြီး လုပ်ဆောင်လာနေကြပါပြီ။ အထူးသဖြင့်တော့ အာကာသထဲမှာ ရှိနေတဲ့ နိုင်ငံတကာ အာကာသစခန်းဟာ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အကောင်းဆုံးနေရာတခုအဖြစ် ပညာရှင်တွေက ပြောဆိုလာနေကြတာပါ။