သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူစွမ်းအင် အသုံးပြုရေး ထောက်ခံကြဖို့ သိပ္ပံပညာရှင်တွေ တိုက်တွန်း


နျူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ။
နျူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ။
ကမ္ဘာကြီးပူနွေးမှုကိုဖြည့်ဆည်းပေးနေတဲ့ Fossil fuels ရှေးရုပ်ကြွင်း လောင်စာတွေ အစား ပိုပြီးစိတ်ချရတဲ့ နျူကလီယား စွမ်းအင်စံနစ် ထုတ်လုပ်ရေး အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေအနေနဲ့ ထောက်ခံကြပါရန် အထင်ကရ ဥတုရာသီ သိပ္ပံပညာရှင် ၄ ဦးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံအခြေစိုက် သိပ္ပံပညာရှင်တွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒပိုင်းမှာ သြဇာညောင်းပေမဲ့ နျူကလီယား စွမ်းအင်ကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေကို လိပ်မူပြီး တနင်္ဂနွေနေ့က ပန်ကြားစာ ပေးပို့လိုက်တာပါ။

နျူကလီယားဓာတ်ပေါင်းဖိုတွေဟာ အန္တရာယ်အလွန်များပြီး စရိတ်စက ကြီးတာကြောင့် Fossil fuels ရေနံနဲ့ သဘာဝဓာတ်ငွေ့လောင်စာတွေ အစား အသုံးပြုမှာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ အတော်များများက ဆန့်ကျင်ကြပါတယ်။ အစိုးရတွေအနေနဲ့ ကမ္ဘာ့လိုအပ်ချက် ပြည့်မီအောင် နေရောင်ခြည်နဲ့ လေစွမ်းအင်ကို စွမ်းအင်အရင်းအမြစ်အဖြစ် ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ တန်ဖိုးနည်းပြီး အားထားရမယ့်စွမ်းအင်ကို ကမ္ဘာ့စီးပွားရေးလိုအပ်ချက် အတိုင်းအတာပြည့်မီအောင် ဖြန့်ဖြူးနိုင်ဖို့အတွက် နေရောင်ခြည်နဲ့ လေစွမ်းအင် စံနစ်ကို အလျင်မီအောင် ထုတ်လုပ်ဖို့မဖြစ်နိုင်ဘူးလို့ ပန်ကြားစာရေးသားသူ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဥတုရာသီတည်ငြိမ်ရေး ရေရာသေချာတဲ့ အဖြေရှာရာမှာ နျူကလီယားစွမ်းအင်ရဲ့ ရေရှည်ခံတဲ့အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားမှ ဖြစ်မယ်လို့ ဆိုပါတယ်။

လောင်စာဆီစက်ရုံတွေကစွန့်ထုတ်တဲ့ လေထုညစ်ညမ်းမှုအမှိုက်ပုံကြီးကို သန့်စင်အောင်လုပ်ရတဲ့ စွန့်စားမှုနဲ့စာရင် နျူကလီယာစွမ်းအင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်တာက ပိုပြီး သက်သာပါတယ်လို့ သိပ္ပံပညာရှင် ၄ ယောက်က သုံးသပ်ထားပါတယ်။
XS
SM
MD
LG