သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကော့တလန်ခွဲထွက်ရေး မထွက်ရေး ဗြိတိန်ရောက် မြန်မာတချို့အမြင်

1/12
အသေးစိတ် ဖတ်ရှုရန် Show less
2/12
အသေးစိတ် ဖတ်ရှုရန် Show less
3/12
အသေးစိတ် ဖတ်ရှုရန် Show less
4/12
အသေးစိတ် ဖတ်ရှုရန် Show less
5/12
အသေးစိတ် ဖတ်ရှုရန် Show less
6/12
အသေးစိတ် ဖတ်ရှုရန် Show less
7/12
အသေးစိတ် ဖတ်ရှုရန် Show less
8/12
အသေးစိတ် ဖတ်ရှုရန် Show less
9/12
အသေးစိတ် ဖတ်ရှုရန် Show less
10/12
အသေးစိတ် ဖတ်ရှုရန် Show less
11/12
အသေးစိတ် ဖတ်ရှုရန် Show less
12/12
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ယူကေနိုင်ငံထဲကနေ စကော့တလန်နယ် ခွဲထွက်ရေး မထွက်ရေး ဆန္ဒခံယူပွဲကို ကြာသပတေးနေ့မှာ ကျင်းပတော့မှာဖြစ်ပေမဲ့ ဘယ်ဘက်ကို မဲပေးရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေသူတွေလည်း ရှိနေကြပါတယ်။ ရင်ထဲက ဆန္ဒအရ ခွဲချင်ပေမဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအရ ယူကေနိုင်ငံထဲမှာပဲ ဆက်နေသင့်တယ်ဆိုတာမျိုး စဉ်းစားနေကြတဲ့သူတွေ စကော့တလန်မှာ ရှိနေသေးတယ်လို့ Edinburgh မြို့မှာနေတဲ့ မြန်မာတယောက်က ပြောပါတယ်။

အခုလို ဆုံးဖြတ်ချက် မချနိုင်သေးသူတွေရဲ့ စိုးရိမ်မှုတွေနဲ့အတူ နောက်ဆုံး မဲဆွယ်မှုအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။

စကော့တလန်နယ် ယူကေနိုင်ငံထဲကနေ ခွဲထွက်ရေး မထွက်ရေး ဆန္ဒခံယူပွဲလုပ်ဖို့ အချိန်နီးကပ်လာနေတာနဲ့အမျှ နှစ်ဘက်လုံးက မဲဆွယ်စည်းရုံးမှုတွေကလည်း အထွတ်အထိပ်ကို ရောက်နေကြပါတယ်။ ကြိုတင်လူထူ စစ်တမ်းကောက်ခံမှုတွေမှာလည်း အင်္ဂါနေ့အထိ ခွဲထွက်ချင်တဲ့ဘက်နဲ့ ဆက်တွဲနေချင်တဲ့ဘက်ကြား အရေအတွက်က အတူတူလောက်နီးပါး ဖြစ်နေပါတယ်။

ဆက်နေချင်သူ ၅၁% ရှိနေပြီး၊ ခွဲထွက်ချင်သူက ၄၉% ရှိနေတာပါ။ တချိန်တည်းမှာပဲ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ဖို့ မဲပေးရမလား၊ ယူကေနိုင်ငံထဲမှာ ဆက်လက်တည်ရှိတဲ့ဘက်က မဲပေးရမလားဆိုတာ မဆုံးဖြတ်ရသေးတဲ့သူတွေလည်း ရှိနေတဲ့အတွက် ဆန္ဒခံယူပွဲမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်က အရေးကြီးတယ်လို့ စကော့တလန်ရဲ့ မြို့တော် Edinburgh မြို့မှာနေတာ အနှစ် ၃၀ ကျော်နေပြီဖြစ်တဲ့ ဒေါက်တာကျော်စွာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

အဲဒီလို ဘယ်ဘက်ကနေ မဲထည့်ရမယ်ဆိုတာကို မဆုံးဖြတ်ရသေးတဲ့သူတွေ အဓိက စဉ်းစားနေတဲ့ အချက်ကတော့ စကော့တလန် နိုင်ငံဖြစ်သွားရင် ဘယ်လိုငွေကြေးကို သုံးစွဲမှာလဲ၊ စီးပွားရေးအခြေအနေတွေက ဘယ်လိုဖြစ်သွားမှာလဲ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်တဲ့။

“ခွဲထွက်သွားမယ်ဆိုရင် Economy က Uncertain ဖြစ်တော့မယ် စိတ်မချရတော့ဘူးဆိုတော့ ဒီ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားစရိတ်၊ အိမ်ရဲ့တန်ဖိုးတွေ၊ Mortgage Rate အဲဒါတွေ တော်တော်များများက ပြောင်းလဲမယ်ဆိုတော့ လူတွေက စိုးရိမ်ကြတယ်လေ သူတို့ရဲ့နေဖို့ထိုင်ဖို့အတွက်။ တော်တော်များများ ကုမ္ပဏီတွေက အင်္ဂလန်မှာ Register လုပ်ထားကြတာကိုး၊ ဘဏ်တွေ ဘာတွေဆိုရင်လည်း Lending Bank in Scotland is only Bank in England ဆို Independent လုပ်ရင် အဲ့ဒါတွေက Uncertainty ရှိနေတော့ အဲ့ဒါတွေ အဓိက စိုးရိမ်ကြတာ။ ခေါင်းထဲမှာ အသေအချာ စဉ်းစားမယ်ဆိုရင် We should vote “No” but from the heart vote “Yes”

နှလုံးသားနဲ့ ဦးနှောက်ကြား ဘာကို ဆုံးဖြတ်ရမလဲ မသေချာသူတွေ စကော့တလန်မှာရှိနေချိန် လန်ဒန်မြို့သူ မြို့သား တော်တော်များများကတော့ ယူကေနိုင်ငံထဲကနေ စကော့တလန် ခွဲထွက်သွားမှာကို မလိုလားကြဘူးလို့ လန်ဒန်မြို့မှာနေတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ကိုဖိုးတာ က ပြောပါတယ်။

“ကျနော့်ရဲ့ အပေါင်းအသင်းတို့ ကျနော်ရဲ့ အလုပ်ကလူတွေတို့၊ လုပ်ဖော်ကိုင်ဖက်အားလုံးက အင်္ဂလန်မှာရှိတဲ့သူတွေက ကျနော် သိသလောက်တော့ ဘယ်သူကမှ ဒီ စကော့တလန်ကြီး ခွဲထွက်သွားမှာကို မလိုလားဘူးပေါ့။”

ခွဲထွက်ချင်သူတွေဘက်က “Yes”၊ ဆက်တွဲနေချင်သူတွေဘက်က “No” ဆိုပြီးတော့ မဲပေးကြဖို့ စည်းရုံးလှုပ်ရှားမှုတွေ စကော့တလန်နယ်မှာ အရှိန်မြှင့်နေချိန်၊ လန်ဒန်မှာတော့ ယူကေနိုင်ငံထဲမှာပဲ ဆက်ရှိနေရေး “Stay Together” ဆိုတဲ့ လှုပ်ရှားမှုတွေကို လုပ်နေကြပါတယ်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းကတော့ Trafalgar Square မှာ သူတို့ ဘာလုပ်သွားသလဲဆိုရင် Stay Together “Yes” လည်း မလုပ်တော့ဘူး “No” လည်း မလုပ်တော့ဘူး။ အဲ့ဒါမျိုးတွေ ပြောမယ့်အတူတူ Campaigner တွေ ပေါ်လာတယ်။ အဲ့ဒီလူတွေက မြို့လယ်ခေါင်မှာ ‘We stay together’ ဆိုတဲ့ Message တခုနဲ့တော့ အခု လုပ်နေတယ်။ ဒီ Campaign ကတော့ တော်တော်လေး အရာရောက်နေတယ်ပေါ့နော် တီဗွီမှာလည်း အခု တွေ့နေရတယ်။”

အခုလို နှစ်ပေါင်း ၃၀၀ ကျော် ယူကေနိုင်ငံထဲမှာရှိနေတဲ့ စကော့တလန်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုဖြစ်အောင် လုပ်ခွင့်ရမယ့် ဆန္ဒခံယူပွဲအပေါ် လူကြီးလူငယ်မရွေး စိတ်ဝင်တစား ရှိနေကြတာက အားတက်စရာဖြစ်တယ်လို့ Edinburgh မြို့မှာနေတဲ့ ဒေါက်တာကျော်စွာက အခုလို ပြောပြပါတယ်။

“အရင်တုန်းက General Election ဆိုလို့ရှိရင် Register လုပ်တာရော၊ Turn out ရောက ၆၀ ရာခိုင်နှုန်းလောက် အများဆုံးရှိတယ်။ ဒီအခု Referendum အတွက်ကို Register လုပ်တာက ၈၀ ရာခိုင်နှုန်း၊ အသက် ၁၆ နှစ်နဲ့ Above က ၈၀ ရာခိုင်နှုန်း Register လုပ်ထားတယ်ဆိုတော့ တော်တော်များများက Interest ဖြစ်တယ်။ အဲ့ဒါကတော့ very impressive။ General Election မှာက ၁၈ နှစ်ကျမှ လုပ်လို့ရတယ်၊ But ဒီ Referendum က Special Kind of Voting ဆိုတော့ အသက် ၁၆ နှစ်နဲ့ လူငယ်တွေကိုပါ မဲပေးခွင့်ရှိတယ်လေ။”

ကြာသပတေးနေ့ ဆန္ဒခံယူပွဲကျရင် ယူကေနိုင်ငံထဲကနေ ခွဲထွက်သူတွေဘက်ကပဲနိုင်နိုင် ယူကေနိုင်ငံထဲမှာ စကော့တလန်နယ်အဖြစ် ဆက်ပြီး ရှိနေသူတွေဘက်ကပဲနိုင်နိုင် ဒီဆန္ဒခံယူပွဲဟာ စကော့တလန်ရဲ့ အနာဂတ်အတွက် Scottish လူမျိုးတွေကိုယ်တိုင် ဒီမိုကရေစီနည်းလမ်းကျ ဆုံးဖြတ်ပိုင်ခွင့်ရတာ ဖြစ်တယ်လို့ ဒေါက်တာကျော်စွာက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG