သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကော့တလန် ခွဲထွက်မည်မဟုတ်လို့ ဝန်ကြီးချုပ်ယုံကြည်


ယူကေနိုင်ငံထဲကနေ စကော့တလန် ခွဲထွက်သင့် မသင့် ဆန္ဒခံယူပွဲလုပ်ဖို့ တရက်အလို ဗုဒ္ဓဟူးနေ့က လူထုသဘောထား ကောက်ခံမှု ၃ ခုလုံးမှာ ယူကေထဲမှာပဲ ဆက်နေမယ့် ခွဲမထွက်ရေးဘက်က မဲအသာရခဲ့ကြပါတယ်။

ဆန္ဒခံယူပွဲအတွက် စိတ်လှုပ်ရှားနေပေမဲ့ စကော့လူမျိုးတွေက ခွဲမထွက်တဲ့ဘက်က မဲပေးကြလိမ့်မယ်လို့ သူ အခိုင်အမာယုံကြည်ကြောင်း ဝန်ကြီးချုပ် David Cameron က Sky News ရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။

ယူကေက ဈေးကွက်သုတေသနကုမ္ပဏီဖြစ်တဲ့ Ipsos MORI က ဗုဒ္ဓဟူးနေ့ညပိုင်းသိရတဲ့ စစ်တမ်းအရ စကော့တလန်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ထောက်ခံသူ ၄၉ ရာခိုင်နှုန်း အထိရှိနေပါတယ်။ သြဂုတ်လ ၅ ရက်နေ့ကလုပ်ခဲ့တဲ့ စစ်တမ်းထက်စာရင် ထောက်ခံသူ ၇% များလာပါတယ်။

တချိန်တည်းမှာပဲ ယူကေနိုင်ငံထဲမှာ ဆက်နေချင်သူကတော့ ၅၁% ရှိနေတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။ ၄ ဒဿမ ၃ သန်းရှိတဲ့ စကော့တလန်နယ်က ပြည်သူ ၁၄% ကတော့ ဘယ်ဘက်ကို မဲပေးရမလဲဆိုတာ မဆုံးဖြတ်နိုင်ကြသေးဘူးလို့လည်း စစ်တမ်းက ပြောပါတယ်။ ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၉၅% က မဲပေးဖို့ မှတ်ပုံတင်ထားကြတဲ့အတွက် ကြာသပတေးနေ့ ဆန္ဒခံယူပွဲမှာ မဲလာပေးသူတွေ အတော်များလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG