သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကော့တလန်လွတ်လပ်ရေး အာရှနွယ်ဖွားတွေထောက်ခံ


Scotland လွတ်လပ်ရေးအတွက် ဆန္ဒပြသူတွေ ကိုင်ဆောင်ထားတဲ့ ထောက်ခံကြောင်း အမှတ်အသားများကို တွေ့ရစဉ်။
Scotland လွတ်လပ်ရေးအတွက် ဆန္ဒပြသူတွေ ကိုင်ဆောင်ထားတဲ့ ထောက်ခံကြောင်း အမှတ်အသားများကို တွေ့ရစဉ်။

ဗြိတိန်နိုင်ငံမှာ စကော့တလန် လွတ်လပ်ရေးအတွက် ကြာသပတေးနေ့မှာ ကျင်းပမယ့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နီးကပ်လာတာနဲ့အမျှ စကော့တလန် နယ်ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ Glasgow မြို့က အာရှသားတွေရဲ့ စကော့တလန် လွတ်လပ်ရေး ထောက်ခံမှုကလည်း ခိုင်မာလာပါတယ်။

သူတို့ကိုယ်သူတို့ စကော့ အာရှသားတွေလို့ သတ်မှတ်ကြတဲ့ သူ ၁ သိန်း ၄ သောင်းနီးပါးရှိပြီး အခြား ဗြိတိန်နိုင်ငံသားမဟုတ်တဲ့ EU နိုင်ငံသား ၁ သိန်း ၆ သောင်းကျော်ဟာ ဒီ အရေးကြီးတဲ့ ဆန္ဒခံယူပွဲမှာ မဲပေးကြမှာ ဖြစ်ပါတယ်။ အဲဒီ စကော့လူမျိုးအသစ်တွေဟာ လူဦးရေရဲ့ ၄ % လောက်ရှိပြီး တွဲရေး ခွဲရေး အတွက် မဲ ရာခိုင်နှုန်း အတူတူလောက်ရှိနေချိန်မှာ သူတို့ရဲ့ဆန္ဒမဲဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။

အတူနေတာက ပိုကောင်းတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေထက် ခွဲထွက်ဖို့သဘောတူတဲ့ YES ဆိုတဲ့ ဆိုင်းဘုတ်တွေက ပိုများနေတာဖြစ်ပါတယ်။ ပိုပြီးမျှတတဲ့ အခွင့်အရေးတွေ၊ ရွှေ့ပြောင်းအခြေချသူတွေကို ပိုပြီး ကြိုဆိုမယ့် အခြေအနေတွေအကြောင်း လမ်းပေါ်ကလူတွေအားလုံးက ပြောနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG