သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

U-23 ဗိုလ်လုပွဲ ၃ ဂိုး-ဂိုးမရှိနဲ့ မြန်မာအသင်းအရေးနိမ့်


စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် အသက် ၂၃ နှစ်အောက် U23 ဆီးဂိမ်း ဘောလုံး နောက်ဆုံးဗိုလ်လုပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းအား ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာကြောင့် မြန်မာအသင်းဟာ ဒုတိယနေရာနဲ့ ငွေတံဆိပ်ရရှိသွားပါတယ်။

ပထမပိုင်းမှာ ဘယ်အသင်းကမှ ဂိုးမရဘဲ အကြိတ်အနယ်ကစားခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီးတဲ့နောက် ပွဲချိန် ၅၄ မိနစ်မှာ ထိုင်းအသင်းက ကစားသမား Tanaboon Kesarat က ပထမဂိုးကို သွင်း လိုက်တာပါ။ အဲဒီနောက် ၆၃ မိနစ်ကျော်မှာ ထိုင်းဘက်က ဒုတိယဂိုးကို Chananan Phombubpa က ထပ်သွင်းသွားပါတယ်။

ထိုင်းအသင်းက မြန်မာအသင်းကို တလျှောက်လုံးဖိကစားနေခဲ့ပြီး ထိုင်းဘက်ကသွင်းတဲ့ ဂိုးအတော်များများကို မြန်မာဂိုးသမား ကျော်ဇင်ဖြိုးက ကာပေးနိုင်ခဲ့တာတွေ့ရပါတယ်။ နောက်ဆုံးဂိုးကို ထိုင်းအသင်းက ၇၈ မိနစ်မှာ သွင်းယူခဲ့နိုင်တာမို့ ဗိုလ်လုပွဲမှာ ထိုင်းက ရွှေ မြန်မာက ငွေနဲ့ Indonesia ကို အနိုင်ကန်ခဲ့တဲ့ Vietnam က ကြေးတံဆိပ် အသီးသီးရရှိသွားကြပါတယ်။

မြန်မာအသင်းဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ၁၉၆၅ က ထိုင်းနဲ့ ပူးတွဲရွှေတံဆိပ် ၁ ကြိမ် ရခဲ့ဖူးပြီး ၁၉၆၅ ကနေ ၇၃ ခုနှစ်အထိ ၅ ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ဖူးပါတယ်။

ထိုင်းကတော့ မြန်မာနဲ့ ပူးတွဲတကြိမ်နဲ့ အခုနောက်ဆုံးအကြိမ်ပါအပါအဝင်ဆို စုစုပေါင်း ၁၅ ကြိမ် ဗိုလ်စွဲတာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ၁၇ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းဖိုင်နယ်မှာ ထိုင်းက မြန်မာ ကို ၄ ဂိုး ၃ ဂိုး နဲ့ နိုင်ခဲ့ပြီး၊ ၁၉၉၃ ကနေ ၂၀၀၇ အထိ ၈ ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့သလို ၊ ၂၀၁၃ မှာလည်း ရွှေတံဆိပ်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

XS
SM
MD
LG