၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေ မြန်မာနိုင်ငံမှာ ဆက်ပြီးတော့ ကျင်းပနေတာမှာ အခုအချိန်အထိ မြန်မာအားကစားအဖွဲ့က ဆုတံဆိပ်အများဆုံးနဲ့ ထိပ်ဆုံးကနေ ယှဉ်ပြိုင်နေပါတယ်။ အင်ဒိုနီးရှား အမျိုးသမီး ဘောလုံးအသင်းကတော့ နောက်ဆုံးအချိန်ရောက်မှ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်မှု မပြုတော့ဘူးဆိုလာတာကြောင့် ပြိုင်ပွဲဝင်အုပ်စုတွေ ပြန်ပြီးတော့ ရေးဆွဲခဲ့ရတယ်လို့ ဆိုပါတယ်။ ဆီးဂိမ်းအားကစားပြိုင်ပွဲတွေကို သွားရောက်သတင်းယူနေတဲ့ ပြည်တွင်းသတင်းထောက်တစ်ဦးကို ဆက်သွယ်မေးမြန်းပြီး ဦးစံမိုဝေက တင်ဆက်ပေးထားပါတယ်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ပွဲစဉ်တွေကို မြန်မာနိုင်ငံမှာ ကျင်းပနေတာမှာ မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကျင်းပနေတဲ့ပွဲစဉ်တွေမှာ အိမ်ရှင်မြန်မာအသင်းက ထိပ်ဆုံးနေရာမှာ ရောက်ရှိနေပါတယ်။ နောက်ဆုံးရရှိထားတဲ့ မြန်မာနဲ့တခြားနိုင်ငံတွေရဲ့ ဆုတံဆိပ်ရရှိထားမှု အခြေအနေတွေနဲ့ပတ်သက်လို့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသတင်းတွေကို သွားရောက်သတင်းယူနေတဲ့ Chin World News Journal ရဲ့ သတင်းထောက်ဖြစ်တဲ့ ဆလိုင်းကျော်မိုးထွန်းက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“ဒီနေ့ ပွဲစဉ်တွေရဲ့ ရွှေတံဆိပ်ရရှိမှုအခြေအနေကို ပြောရမယ်ဆိုလို့ရှိရင် မြန်မာက ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခုနဲ့ အုပ်စု ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ လက်ရှိအချိန်အထိပေါ့နော်။ ထိုင်းနိုင်ငံက နေပြီးတော့ ရွှေတံဆိပ်ကို ၂ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် - နဲ့ ဒုတိယဆု၊ ဒုတိယနေရာကနေပြီးတော့ ဦးဆောင်နေပါတယ်။ ဗီယက်နမ်အသင်းကနေပြီးတော့ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၁ ခုနဲ့ တတိယနေရာကနေ ဦးဆောင်နေပါတယ်။ မလေးရှားအသင်းကနေပြီးတော့ ရွှေ ၁၊ ငွေ ၃၊ ကြေး ၈ နဲ့ စတုတ္ထ က ဦးဆောင်ပါတယ်။ အင်ဒိုနီးရှားကတော့ ရွှေ ၁၊ ငွေ ၁၊ ကြေး ၁ နဲ့ ပဉ္စမနေရာကနေ ဦးဆောင်ပါတယ် ပေါ့နော်။
ဆဌမနေရာကနေပြီးတော့ ကမ္ဘောဒီးယားကနေပြီးတော့ ငွေ ၂ ခုနဲ့ ကြေး ၂ ခု ဦးဆောင်ပါတယ်။ နောက်ဆုံး လာအိုကနေပြီးတော့ ငွေ ၂ ခု၊ ကြေး ၂ ခုနဲ့ လိုက်နေပါတယ်။ ဒီနေ့ ရလဒ်ကတော့ ဒီလောက်ပါပဲခင်ဗျ။”
ဒီဇင်ဘာလ ၈ ရက်နေ့ နောက်ဆုံးကျင်းပတဲ့ ပွဲစဉ်တွေရဲ့ အခြေအနေတွေကို မေးမြန်းကြည့်ရာမှာတော့ ဆလိုင်းကျော်မိုးထွန်းက အခုလို ပြောပါတယ်။
“ကျနော်တို့ မြန်မာအသင်းအနေနဲ့ပေါ့နော် ဘတ်စ်ကက်ဘောမှာ အမျိုးသားအသင်းက ကမ္ဘောဒီးယား အသင်းကို ရှုံးတယ်၊ ၆၀၊ ၇၅ မှတ်နဲ့ ရှုံးနေတယ်။ မြန်မာအသင်းက ရှုံးနေတယ်။ ကမ္ဘောဒီးယားကို၊ အမျိုးသမီးအသင်းက မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ရှုံးပါတယ်ခင်ဗျ။ ဘောလုံးပြိုင်ပွဲမှာဆိုလို့ရှိရင် ဗီယက်နမ်ကနေ ဘရူနိုင်းကို ၈ ဂိုး ၁ ဂိုးနဲ့ နိုင်သွားတယ်။ စင်ကာပူနဲ့ လာအိုကတော့ အခု ကန်နေတုန်းပဲ။ ပွဲစဉ်ရဲ့ရလဒ်ကို ပြောလို့မရသေးဘူးခင်ဗျ။ အခု ကန်နေတုန်းပဲ၊ မနက်ဖြန်ကျရင်တော့ မြန်မာနဲ့ တီမောနဲ့ပွဲ ရှိပါတယ်။ ဒီနေ့ လက်ဝှေ့ပွဲမှာ တချီနိုင်သွားတယ်ခင်ဗျ။ တချီနိုင်သွားတဲ့အခါမှာ ဗမာက ၂ ပွဲပါတယ်ခင်ဗျ။ မောင်ငယ်ဆိုတဲ့ ဗမာက အင်ဒိုနီးရှားအသင်းကိုနိုင်သွားပါတယ်။ ပြီးတော့ ရဲနိုင်ဆိုတဲ့ မြန်မာက ထိုင်းအသင်းကို ရှုံးတယ်ခင်ဗျ။ နောက်ပြီးတော့ ဝူရှူးမှာဆိုလို့ရှိရင် တဦးချင်းအတိုက်ပြိုင်ပွဲမှာ ဝေဖြိုးအောင်က ရွှေတံဆိပ်ရသွားပါတယ်။ ပြီးတော့ ၂ ယောက်တွဲမှာဆိုလို့ရှိရင် မြန်မာပြည်က စိန်သီဟအောင်နဲ့ ထိုက်ဟန်ကျော်က ရွှေတံဆိပ်ရသွားပါတယ်။ အကပြိုင်ပွဲမှာဆိုရင် မြန်မာပြည်က မြန်မာ ထွန်းသိန်းက တတိယ ရသွားပါတယ်။ မအိမ့်နီနီဆိုတဲ့ အမျိုးသမီးက ဒုတိယဆုရပါတယ်။”
ဆီးဂိမ်းအမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် အုပ်စု (က) မှာ ပါဝင်တဲ့ အင်ဒိုနီးရှား အမျိုးသမီးဘောလုံးအသင်းက နောက်ဆုံးအချိန်ရောက်မှ အကြောင်းကြောင်းကြောင့် ပါဝင်ယှဉ်ပြိုင်ဖို့ မဖြစ်တော့ဘူးလို့ အကြောင်းကြားလာတဲ့အကြောင်း သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မေးကြည့်ရာမှာတော့
“အင်ဒိုနီးရှားအမျိုးသမီးအသင်းက နုတ်ထွက်သွားတဲ့အတွက် ဘောလုံးပြိုင်ပွဲမှာ ဆိုလို့ရှိရင် ပွဲစဉ်ဇယားကြီးကို အသစ်ပြန်ဆွဲတယ်ခင်ဗျ။ အဲဒီအခါကျတော့ အုပ်စုဇယားမှာ ဗီယက်နမ်ရယ်၊မြန်မာရယ်၊ ဖိလစ်ပိုင်ရယ်က တအုပ်စုတည်းကျပါတယ်။ အုပ်စု ဘီမှာ ဆိုလို့ရှိရင် ထိုင်းရယ်၊ လာအိုရယ်၊ မလေးရှားရယ်က တအုပ်စုတည်း ပြန်ပြီးတော့ ကျတယ်ခင်ဗျ။ ပွဲစဉ် ပြန်ပြောင်းသွားတာပေါ့နော်။”
ဒီကနေ့ ဆက်လက်ပြုလုပ်မယ့် ဆီးဂိမ်းပြိုင်ပွဲတွေမှာတော့ မြန်မာအားကစားသမားတွေ ပါဝင်ထိုးသတ်မယ့် လက်ဝှေ့ပြိုင်ပွဲတွေ စတင်မှာဖြစ်သလို ဝူရှုးကိုယ်ခံပညာအလှပြိုင်ပွဲမှာလည်း မြန်မာအဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။