သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SEA Games အားကစားပွဲ စတင်ဖွင့်လှစ်


၂၇ ကြိမ်မြောက် SEA Games ဖွင့်ပွဲ
၂၇ ကြိမ်မြောက် SEA Games ဖွင့်ပွဲ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။ အဲဒီ SEA Games ဖွင့်ပွဲကို ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းလည်း သတင်းယူဖို့ ရောက်ရှိနေတာမို့ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ဦးရော်နီညိမ်းခင်ဗျာ နှစ်ပေါင်း ဆယ်စုနှစ်နဲ့ကြာပြီးမှ မြန်မာနိုင်ငံမှာ အခုလို SEA Games ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်တာဆိုတော့ မြန်မာပရိတ်သတ်တွေရဲ့ အနေအထား ဘယ်လိုရှိပါသလဲခင်ဗျ။
ဖြေ။ ။ “ကျနော်တို့ ပရိသတ်ကတော့ ကျနော်ကတော့ မနေ့ကပဲ မန္တလေးမှာ ကျနော်တို့ အမျိုးသမီးဘောလုံးပွဲကို ကျနော် သွားကြည့်တယ်။ နောက်တခါ သုဝဏ္ဏအားကစားကွင်းမှာလုပ်တဲ့ အမျိုးသားဘောလုံးပွဲကိုလည်း ကျနော် သွားကြည့်ပါတယ်။ နောက် အခု ဒီဖွင့်ပွဲကိုလည်း ကျနော် ရောက်ရှိတဲ့အခါမှာ နေရာ ၃ နေရာ မြို့ ၃ မြို့မှာ အားလုံး တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနဲ့ ဒီပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ဖြစ်စေချင်တာ တွေ့ရပါတယ်။ ဒီအားကစားပြိုင်ပွဲတွေကျတော့လည်း ကိုယ့်နိုင်ငံအသင်း အနိုင်ရရှိလိုတာကို အားလုံးက ဆန္ဒပြင်းပြတာကို တွေ့ရပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ ဒီကနေ့က ဖွင့်ပွဲ အခမ်းအနားနေ့ဆိုတော့ ဒေသ တွင်း နိုင်ငံတကာ အကြီးအကဲတွေထဲက ဘယ်သူတွေ တက်ရောက် ချီးမြှင့်တာရှိပါသလဲ။
ဖြေ။ ။ “သြော် ဟုတ်ကဲ့ လာအိုနိုင်ငံက သမ္မတကြီး လာပါတယ်ခင်ဗျာ။ ပြီးတဲ့အခါကျတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေပြီးတော့ ဒုဝန်ကြီးချုပ် Liu Yandong လာပါတယ်ခင်ဗျာ။ ပြီးတော့ ထိုင်းဒုတိယဝန်ကြီးချုပ် လာပါတယ် ခင်ဗျာ။ မြန်မာနိုင်ငံကတော့ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ပါတယ်။ သမ္မတကြီးဦးသိန်းစိန်၊ နောက်တခါ ဒုတိယသမ္မတကြီး ဦးဉာဏ်ထွန်း အပါအဝင် အစိုးရအဖွဲ့၊ Cabinet ဝန်ကြီးအဖွဲ့ဝင်တွေရော၊ တခြား မဏ္ဍိုင်တွေကဖြစ်ကြတဲ့ တရားသူကြီးဥက္ကဌတို့၊ ရှေ့နေချုပ်တို့ နောက် တခါ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့၊ အခြေခံဥပဒေခုံရုံး ဥက္ကဌတို့၊ အစိုးရအဖွဲ့မဟုတ်တဲ့ တခြားမဏ္ဍိုင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်ကြီးတွေလည်း အကုန်လုံး ကြွရောက်လာတာကို တွေ့ရပါတယ်ခင်ဗျ။”

ဟုတ်ကဲ့ ဦးရော်နီညိမ်း ကျေးဇူးအများကြီးတင်ပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်မြို့နဲ့ အခြားမြို့တွေမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲတွေမှာဆိုရင် မြန်မာနိုင်ငံအသင်းဟာ ရိုးရာခြင်းလုံးအသင်းမှာ ရွှေတံဆိပ် ၈ ခု သတ်မှတ်ထားတဲ့အထဲမှာ မြန်မာ အသင်းက ရွှေတံဆိပ် ၆ ခု ရရှိထားပါတယ်။

ကွင်းသွင်း ခြင်းလုံးအသင်းမှာတော့ မြန်မာအမျိုးသား၊ အမျိုးသမီးတွေက ရွှေတံဆိပ် ၁ ခုရရှိပြီးတော့ ငွေတံဆိပ် ၁ ခု ရရှိပါတယ်။ တခါ ဒီဇင်ဘာလ ၉ ရက် ဖွင့်ပွဲနေ့မှာ မြန်မာနဘန်းအသင်းက ရွှေတံဆိပ် ၂ ခု ရရှိပြီးတော့ ဝူရှုးကတော့ ရွှေတံဆိပ် ၂ ခု ရရှိထားပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအသင်းကဆိုရင် ကမ္ဘောဒီးယားကို ၃ ဂိုး သုညနဲ့ အနိုင်ရရှိပြီး၊ တိမောအသင်းကိုတော့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်ခင်ဗျာ။
XS
SM
MD
LG