သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SEA Games ဘောလုံးဗိုလ်လုပွဲမှာ ခိုက်ရန်ဖြစ်ပွား


SEA ဂိမ်း ဘောလုံး ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းသားတွေ ခိုက်ရန်ဖြစ်
SEA ဂိမ်း ဘောလုံး ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းသားတွေ ခိုက်ရန်ဖြစ်

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ၃၂ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ SEA ဂိမ်း ဘောလုံး ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို အနိုင်ရပြီး ဗိုလ်စွဲသွားတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံသားတွေ မနေ့က မြို့တော် ဂျကာတာမှာ စုဝေး အောင်ပွဲခံနေကြပါတယ်။

ထိုင်းနဲ့ အင်ဒိုနီးရှား ဘောလုံး ဗိုလ်လုပွဲမှာ အကြိတ်အနယ် အပြန်အလှန် အပြင်းအထန် ယှဉ်ပြိင်ခဲ့ကြသလို နှစ်ဖက် ကစားသမားတွေ ၂ ကြိမ် ခိုက်ရန်ဖြစ်ပွားတာကြောင့် ကစားသမား ၄ ယောက် အနီကဒ် အပြခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။ ထိုင်းဘက်က ကစားသမား ၈ ယောက်ပဲ ကျန်တဲ့အထိ လျှော့ချခဲ့ရသလို အင်ဒိုနီးရှားအသင်းကလည်း ၁၀ ယောက်နဲ့ ကစားခဲ့ရတာပါ။ ၂ ဂိုးစီ သရေကျနေတဲ့အတွက် အချိန်ပိုကစားခဲ့ပြီး အချိန်ပိုမှာ အင်ဒိုနီးရှားအသင်းက ၅ ဂိုး ၂ ဂိုးနဲ့ ထိုင်းအသင်းကို အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုတွေအတွက် တောင်းပန်တဲ့အကြောင်းနဲ့ အပြစ်ရှိသူတွေကို စုံစမ်းစစ်ဆေး အရေးယူသွားမယ့်အကြောင်း ထိုင်းဘောလုံးအဖွဲ့ချုပ်ကတော့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအတွက်တော့ SEA ဂိမ်း ဘောလုံးပြိုင်ပွဲမှာ ၃၂ နှစ်အတွင်း ပထမဆုံး ဗိုလ်စွဲတာပါ။

SEA Games ဘောလုံးဗိုလ်လုပွဲမှာ ခိုက်ရန်ဖြစ်ပွား
please wait

No media source currently available

0:00 0:00:51 0:00

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ လူ အယောက် ၁၃၀ ကျော်သေဆုံးခဲ့တဲ့ Malang မြို့ Kan-ju-ru-han (ကန်ဂျူရူဟန်) ဘောလုံးအားကစားကွင်း လူတွေ ပိခဲ့တဲ့ အဖြစ်အပျက်နဲ့ အသက် ၂၀ အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် လက်လွှတ်ခဲ့ရပြီးနောက် အခု အနိုင်ရလိုက်တာဟာ နိုင်ငံ့ဂုဏ်သိက္ခာကို ပြန်မြှင့်တင်လိုက်နိုင်တဲ့ အမျိုးသားရေးအောင်ပွဲတခုလို ဖြစ်နေပါတယ်။ SEA ဂိမ်း ဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသား ဘောလုံးအသင်း ဆီမီးဖိုင်နယ်အထိ ယှဉ်ပြိုင်ခွင့်ရခဲ့ပေမဲ့ ထိုင်းအသင်းနဲ့ ကန်ရင်း ရှုံးနိမ်ခဲ့ပါတယ်။ မနေ့က တတိယနေရာအတွက် ယှဉ်ပြိုင်ရာမှာလည်း ဗီယက်နမ်အသင်းက မြန်မာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG