သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sean Turnell ကို အင်းစိန်ထောင် ပြောင်းရွှေ့၊ အကျဉ်းဦးစီးအတည်ပြု


sean turnell twitter
sean turnell twitter

[[Zawgyi/Unicode]]

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား Sean Turnell ကို အင်းစိန်ထောင်ထဲ ရွှေ့ပြောင်းလိုက်တာဟာ လိုအပ်ချက်အရဖြစ်တဲ့အကြောင်း အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ်က VOA ကို ဒီနေ့ ပြောပါတယ်။

“အော်ဟုတ်ပါတယ်ခင်ဗျ၊ လိုအပ်ချက်ရှိလို့ ပြောင်းပေးလိုက်ပါတယ်။ ဒါကတော့ ကျနော်တို့ ဌာန လိုအပ်ချက်ပေါ့လေ၊ ပြီးခဲ့တဲ့ သုံးလေးရက်ကပါ ခင်ဗျာ့။”

ပါမောက္ခ Sean Turnell ပြီးခဲ့တဲ့ ၃ ရက်ကတည်းက နေပြည်တော် အကျဉ်းထောင်ကနေ အင်းစိန်အကျဉ်းထောင်ထဲကို ပြောင်းရွှေ့ခဲ့တယ်လို့လည်း အတည်ပြုပြောဆိုပါတယ်။ လိုအပ်ချက်အရ ပြောင်းရွှေ့လိုက်တယ်လို့ ပြောပေမယ့် ဘာကြောင့်ဆိုတဲ့ တခြား အသေးစိတ် တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။

ရန်ကုန်မှာရှိတဲ့ သြစတြေးလျ သံရုံးဘက်ကလည်း ဒီကိစ္စအပေါ် သဘောထားတစုံတရာ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။ ပါမောက္ခ Sean Turnell ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပေဒချိုးဖေါက်မှုနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုး ဖေါက်မှုတွေအတွက် စက်တင်ဘာ ၂၉ ရက်နေ့မှာ နေပြည်တော် အထူးတရားရုံးက အမှု ၂ ခု လုံးစအတွက် အလုပ်မပါ ထောင်ဒဏ် ၃ နှစ် တပေါင်းတစည်းတည်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong ကတော့ Sean Turnell အပေါ် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ် တာကို လက်မခံတဲ့အကြောင်းနဲ့ ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။

Sean Turnell ကို အင်းစိန်ထောင် ပြောင်းရွှေ့၊ အကျဉ်းဦးစီးအတည်ပြု.mp3
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

==============

(Unicode)







XS
SM
MD
LG