သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပန္လြတ္လာတဲ့ ေရွာင္တာနယ္ စစ္ေကာင္စီကို ျပင္းျပင္းထန္ထန္ ေဝဖန္


Australian Sean Turnell is shown seated during a ceremony inside the Insein prison in Yangon, Myanmar on Thursday, Nov. 17, 2022.

ျပန္လြတ္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး ေရွာင္တာနယ္ (Sean Turnell) က ျမန္မာစစ္ေကာင္စီကို ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္နဲ႔ ၾကာသပေတးေန႔က ျပန္လည္လြတ္ေျမာက္လာတဲ့ ေရွာင္တာနယ္က သူ ႀကဳံခဲ့ဖူးသမွ် အသိမ္ေမြ႕ဆုံး ျမန္မာျပည္သူေတြကို ယုတ္မာ႐ူးသြပ္သူေတြ အုပ္ခ်ဳပ္ေနတာ ယူႀကဳံးမရျဖစ္ရတယ္လို႔ Facebook မွာ ေရးသားခဲ့ပါတယ္။

ၾသေစၾတးလ္ႏိုင္ငံကို ျပန္ေရာက္ေနၿပီျဖစ္တဲ့ စီးပြားေရးပညာရွင္ ေရွာင္တာနယ္က မိသားစုနဲ႔ ျပန္ဆုံခြင့္ရတာ အရမ္းဝမ္းသာရေပမဲ့၊ ျမန္မာျပည္သူ ၅၃ သန္းကေတာ့ သူတို႔ကို ကိုယ္စားမျပဳတဲ့ အုပ္ခ်ဳပ္သူေတြလက္ထဲ ဒုကၡဆက္ခံေနရတယ္လို႔ Facebook မွာ ေရးထားပါတယ္။

မိသားစုနဲ႔ ၂ ႏွစ္နီးပါး ခြဲခဲ့ရတဲ့ ပါေမာကၡ ေရွာင္တာနယ္က အခုလိုျပန္မဆုံခင္ အေမွာင္မိုက္ဆုံး ကာလေတြမွာ သူ႔ကို ေထာက္ခံရပ္တည္ေပးခဲ့ၿပီး အခုလို လြတ္ေျမာက္လာဖို႔ ကူညီေပးခဲ့တဲ့ ၾသေစၾတးလ်အစိုးရအပါအဝင္ အားလုံးကိုလည္း အထူးေက်းဇူးတင္တယ္လို႔ ေျပာပါတယ္။

စစ္အာဏာသိမ္းအၿပီး ျမန္မာႏိုင္ငံထဲက ခ်က္ခ်င္းမထြက္ခဲ့ဘဲ ၆ ရက္ၾကာမွ အဖမ္းခံခဲ့ရတဲ့ ေရွာင္တာနယ္က ျမန္မာႏိုင္ငံထဲ အႏၲရာယ္ၾကား သူ႔ကို ကူညီေပးခဲ့တဲ့ အေမရိကန္မိတ္ေဆြ Curtis Slover ကိုလည္း အေမရိကန္ႏိုင္ငံႀကီးအတြက္ အေကာင္းဆုံး ျပယုဂ္လို႔ ခ်ီးက်ဳးခဲ့ပါေသးတယ္။

ပါေမာကၡ ေရွာင္တာနယ္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥေပဒ ခ်ိဳးေဖာက္မႈနဲ႔ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒခ်ိဳးေဖာက္မႈေတြနဲ႔ စစ္ေကာင္စီက စြပ္စြဲၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၉ ရက္ေန႔က ေနျပည္ေတာ္ အထူးတရား႐ုံးမြာ အလုပ္မပါ ေထာင္ဒဏ္ ၃ ႏွစ္ တေပါင္းတစည္းတည္း ျပစ္ဒဏ္ ခ်မွတ္ထားတာ ျဖစ္ပါတယ္။

ေရွာင္တာနယ္နဲ႔အတူ ၾကာသပေတးေန႔က ျပန္လြတ္လာသူေတြထဲမွာေတာ့ ၿဗိတိန္သံအမတ္ႀကီးေဟာင္း Vicky Bowman, ဂ်ပန္ႏိုင္ငံသား မွတ္တမ္းတင္႐ုပ္ရွင္ ႐ိုက္ကူးသူ Toru Kubota နဲ႔ အေမရိကန္ႏိုင္ငံသား ကိုေက်ာ္ေဌးဦး စုစုေပါင္း ႏိုင္ငံျခားသား ၄ ဦး ပါပါတယ္။

==== Unicode =====

ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ် (Sean Turnell) က မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ကြာသပတေးနေ့က ပြန်လည်လွတ်မြောက်လာတဲ့ ရှောင်တာနယ်က သူ ကြုံခဲ့ဖူးသမျှ အသိမ်မွေ့ဆုံး မြန်မာပြည်သူတွေကို ယုတ်မာရူးသွပ်သူတွေ အုပ်ချုပ်နေတာ ယူကြုံးမရဖြစ်ရတယ်လို့ Facebook မှာ ရေးသားခဲ့ပါတယ်။

သြစေတြးလ်နိုင်ငံကို ပြန်ရောက်နေပြီဖြစ်တဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်က မိသားစုနဲ့ ပြန်ဆုံခွင့်ရတာ အရမ်းဝမ်းသာရပေမဲ့၊ မြန်မာပြည်သူ ၅၃ သန်းကတော့ သူတို့ကို ကိုယ်စားမပြုတဲ့ အုပ်ချုပ်သူတွေလက်ထဲ ဒုက္ခဆက်ခံနေရတယ်လို့ Facebook မှာ ရေးထားပါတယ်။

မိသားစုနဲ့ ၂ နှစ်နီးပါး ခွဲခဲ့ရတဲ့ ပါမောက္ခ ရှောင်တာနယ်က အခုလိုပြန်မဆုံခင် အမှောင်မိုက်ဆုံး ကာလတွေမှာ သူ့ကို ထောက်ခံရပ်တည်ပေးခဲ့ပြီး အခုလို လွတ်မြောက်လာဖို့ ကူညီပေးခဲ့တဲ့ သြစေတြးလျအစိုးရအပါအဝင် အားလုံးကိုလည်း အထူးကျေးဇူးတင်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံထဲက ချက်ချင်းမထွက်ခဲ့ဘဲ ၆ ရက်ကြာမှ အဖမ်းခံခဲ့ရတဲ့ ရှောင်တာနယ်က မြန်မာနိုင်ငံထဲ အန္တရာယ်ကြား သူ့ကို ကူညီပေးခဲ့တဲ့ အမေရိကန်မိတ်ဆွေ Curtis Slover ကိုလည်း အမေရိကန်နိုင်ငံကြီးအတွက် အကောင်းဆုံး ပြယုဂ်လို့ ချီးကျုးခဲ့ပါသေးတယ်။

ပါမောက္ခ ရှောင်တာနယ်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပေဒ ချိုးဖောက်မှုနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုတွေနဲ့ စစ်ကောင်စီက စွပ်စွဲပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က နေပြည်တော် အထူးတရားရုံးမွာ အလုပ်မပါ ထောင်ဒဏ် ၃ နှစ် တပေါင်းတစည်းတည်း ပြစ်ဒဏ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ရှောင်တာနယ်နဲ့အတူ ကြာသပတေးနေ့က ပြန်လွတ်လာသူတွေထဲမှာတော့ ဗြိတိန်သံအမတ်ကြီးဟောင်း Vicky Bowman, ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota နဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦး စုစုပေါင်း နိုင်ငံခြားသား ၄ ဦး ပါပါတယ်။

XS
SM
MD
LG