သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပန္လြတ္လာတဲ့ ေရွာင္တာနယ္ ၾသစေၾတးလ် ျပန္ေရာက္  


ျမန္မာစစ္ေကာင္စီအစိုးရရဲ႕ MRTV ႐ုပ္သံမွ ထုတ္လႊင့္တဲ့ NLD လက္ထက္ စီးပြါးေရးအႀကံေပး ၾသစေၾတးလ်ပါေမာကၡ ေရွာင္တာနယ္ကို အင္းစိန္ေထာင္တြင္းျပန္လႊတ္သူမ်ားအား ေနရာခ်ေပးထားပံုကို ေတြ႔ရစဥ္။ (ႏိုဝင္ဘာ ၁၇၊ ၂၀၂၂/ေအပီသတင္း)

[[Zawgyi/Unicode]]

လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေျမာက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး Sean Turnell ဟာ ဩစေၾတးလ်နိင္ငံ Melbourne ၿမိဳ႕ကို ေရာက္သြားၿပီး မိသားစုနဲ႔ ျပန္လည္ဆုံစည္းၿပီျဖစ္တဲ့အေၾကာင္း ဩစေၾတးလ် ႏိုင္ငံျခာေရးဝန္ႀကီး Penny Wong က ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

Sean Turnell လြတ္ေျမာက္ေရးအတြက္ ျမန္မာစစ္ေကာင္စီနဲ႔ တိုက္႐ိုက္ဆက္ ဆံေျပာဆိုဖို႔ ဆုံးျဖတ္ခဲ့တဲ့အေၾကာင္းနဲ႔ အခုလို ျပန္လည္လြတ္ျမာက္လာတဲ့ အတြက္ အထူးဝမ္းေျမာက္မိတဲ့အေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က ေျပာသြားတာပါ။

Sean Turnell က်န္းမာေရးေကာင္းမြန္တဲ့အေၾကာင္းနဲ႔ ဘန္ေကာက္ေလဆိပ္က မထြက္ခြာခင္ သူနဲ႔ဖုံးဆက္ စကားေျပာခြင့္ရခဲ့တဲ့ အေၾကာင္းလည္း Penny Wong က ေျပာပါတယ္။ Sean Turnell ရဲ႕ လြတ္ေျမာက္လာတာနဲ႔ပတ္သက္ၿပီး ဩစေၾတးလ်အစိုးရနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကိုေက်းဇူးတင္တဲ့အေၾကာင္း ဇနီးျဖစ္သူ Ha Vu ရဲ႕ေၾကညာခ်က္ကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က သတင္းစာရွင္းလင္းပြဲမွာ ဖတ္ျပသြားခဲ့ပါတယ္။

၂၂ လနီးပါး ခြဲခြာၿပီး ျပန္လည္ဆုံစည္းတာျဖစ္တဲ့အတြက္ မိသားစု အတူတကြ ေနထိုင္ဖို႔ ဦးစားေပးသြားမယ့္အေၾကာင္းနဲ႔ ဒီလိုအခ်ိန္အခါမွာ သူတို႔ရဲ႕ ကိုယ္ေရးကိုယ္တာကို ေလးစားဖို႔ သတင္းဌာနေတြကို ေမတၱာရပ္ခံတဲ့အေၾကာင္း Sean Turnell ရဲ႕ ဇနီး Ha Vu ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
#SeanTurnell #လြတ္ၿငိမ္းခ်မ္းသာခြင့္ #စီးပြါးေရးအႀကံေပး #စစ္ေကာင္စီ
============

[[Unicode]]

ပြန်လွတ်လာတဲ့ ရှောင်တာနယ် သြစတြေးလျ ပြန်ရောက်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ဟာ ဩစတြေးလျနိင်ငံ Melbourne မြို့ကို ရောက်သွားပြီး မိသားစုနဲ့ ပြန်လည်ဆုံစည်းပြီဖြစ်တဲ့အကြောင်း ဩစတြေးလျ နိုင်ငံခြာရေးဝန်ကြီး Penny Wong က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Sean Turnell လွတ်မြောက်ရေးအတွက် မြန်မာစစ်ကောင်စီနဲ့ တိုက်ရိုက်ဆက် ဆံပြောဆိုဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းနဲ့ အခုလို ပြန်လည်လွတ်မြာက်လာတဲ့ အတွက် အထူးဝမ်းမြောက်မိတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောသွားတာပါ။

Sean Turnell ကျန်းမာရေးကောင်းမွန်တဲ့အကြောင်းနဲ့ ဘန်ကောက်လေဆိပ်က မထွက်ခွာခင် သူနဲ့ဖုံးဆက် စကားပြောခွင့်ရခဲ့တဲ့ အကြောင်းလည်း Penny Wong က ပြောပါတယ်။ Sean Turnell ရဲ့ လွတ်မြောက်လာတာနဲ့ပတ်သက်ပြီး ဩစတြေးလျအစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုကျေးဇူးတင်တဲ့အကြောင်း ဇနီးဖြစ်သူ Ha Vu ရဲ့ကြေညာချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီး Penny Wong က သတင်းစာရှင်းလင်းပွဲမှာ ဖတ်ပြသွားခဲ့ပါတယ်။

၂၂ လနီးပါး ခွဲခွာပြီး ပြန်လည်ဆုံစည်းတာဖြစ်တဲ့အတွက် မိသားစု အတူတကွ နေထိုင်ဖို့ ဦးစားပေးသွားမယ့်အကြောင်းနဲ့ ဒီလိုအချိန်အခါမှာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားဖို့ သတင်းဌာနတွေကို မေတ္တာရပ်ခံတဲ့အကြောင်း Sean Turnell ရဲ့ ဇနီး Ha Vu ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
#SeanTurnell #လွတ်ငြိမ်းချမ်းသာခွင့် #စီးပွါးရေးအကြံပေး #စစ်ကောင်စီ
============

XS
SM
MD
LG