သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ တောင်ပေါ်နှင်းထုပြိုကျ ၃၈ ဦးမက သေဆုံး


တူရကီနိုင်ငံ အရှေ့ပိုင်းမှာ တောင်ပေါ်က နှင်းထုတွေ ၂ ကြိမ် ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၈ ဦး သေဆုံးသွားကြောင်း အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ သေဆုံးသူ အများစုဟာ ပထမအကြိမ် တောင်ပေါ်က နှင်းထုပြိုကျလို့ ကူညီကယ်ဆယ်ရေး လုပ်နေကြစဉ် ဒုတိယအကြိမ် ပြိုကျတဲ့ အဲဒီ နှင်းတွေ ပိမိ သေဆုံးသွားတာလို့ ဆိုပါတယ်။

ပထမအကြိမ် နှင်းထုပြိုကျတုန်းက ပျောက်ဆုံးနေသူ ၂ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံရှာဖွေနေစဉ် ဒုတိယအကြိမ်ပြိုကျတဲ့ တောင်ပေါ်ကနှင်းထု ပိမိပြီး လူ ၃၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ နှင်းထုပြိုကျမှုတွေကြောင့် အနည်းဆုံး လူ ၇၅ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းနဲ့ ကယ်ဆယ် ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်း ၇၀၀ ကို အခင်းဖြစ်တဲ့နေရာကို စေလွှတ်ထားကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

တူရကီနိုင်ငံအရှေ့ပိုင်း Van ခရိုင်အတွင်းက Bahcesaray မြို့မှာ ဒါဇင်နဲ့ချီတဲ့ လူတွေ နှင်းထုတွေအောက်မှာ ပိမိနေတဲ့ မော်တော်ယာဉ်တွေကို ဂေါ်ပြားတွေနဲ့ တူးထုတ်နေတဲ့ ပုံတွေကိုလည်း ရုပ်မြင်သံကြား သတင်းတွေမှာ ပြသနေပါတယ်။ အင်္ဂါနေ့နှောင်းပိုင်းမှာ အဲဒီ နှင်းထုတွေ ပြိုကျခဲ့တာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG