သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် လုံခြုံရေး တိုးမြှင့်


ယူနီဖောင်းဝှက် လျှို့ဝှက်လုံခြုံရေးအရာရှိတွေ အိမ်ဖြူတောင် မြောက်ဘက်မှာ စောင့်ကြပ်နေစဉ်။ (၀၉-၂၀-၁၄)
ယူနီဖောင်းဝှက် လျှို့ဝှက်လုံခြုံရေးအရာရှိတွေ အိမ်ဖြူတောင် မြောက်ဘက်မှာ စောင့်ကြပ်နေစဉ်။ (၀၉-၂၀-၁၄)

အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ခြံစည်းရိုးကိုကျော်ပြီး အိမ်ဖြူတော်ထဲအထိ လူတစ်ဦး ဝင်ရောက်သွားနိုင်ခဲ့တဲ့အတွက် Secret Service သမ္မတရဲ့ လုံခြုံရေးအဖွဲ့က အိမ်ဖြူတော်ပြင်ပမှာ လုံခြုံရေးကို တိုးမြှင့်လိုက်ပါတယ်။

သောကြာနေ့က အဲဒီလို အိမ်ဖြူတော်ထဲ အမျိုးသားတဦး ဝင်ရောက်မှု ဖြစ်သွားပြီးတဲ့နောက် အိမ်ဖြူပတ်လည်မှာ အစောင့်အရေအတွက် တိုးမြှင့် ချထားတာအပြင် စောင့်ကြည့်တဲ့ အစီအစဉ်တွေလည်း တိုးမြှင့်လုပ်ဆောင်ဖို့ လုံခြုံရေးအဖွဲ့ ညွန်ကြားရေးမှူး Julia Pierson က အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လုံခြုံရေးအစောင့်တပ်ဖွဲ့တွေက သူ့ကို မဖမ်းနိုင်ခင်မှာ အသက် ၄၂ နှစ်အရွယ် လက်နက် ကိုင်ဆောင် ထားခြင်း မရှိတဲ့ အဲဒီ အမျိုးသားအနေနဲ့ သမ္မတရဲ့အိမ်ထဲကို ဘယ်လိုလုပ် ဝင်သွားနိုင်ခဲ့တယ်ဆိုတာကို အသေးစိတ် ပြန်လည် ဆန်းစစ်ဖို့ အတွက်လည်း သမ္မတလုံခြုံရေးအဖွဲ့ ညွန်ကြားရေးမှူးက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

သောကြာနေ့ညဦးပိုင်းက သမ္မတ Barack Obama နဲ့ သမီး ၂ ဦး အိမ်ဖြူတော်ကနေ ရဟတ်ယာဉ် ထွက်ခွာသွားပြီး မကြာခင်မှာပဲ အဲဒီ အမျိုးသားက အိမ်ဖြူတော် ခြံစည်းရိုးကိုကျော်၊ မြက်ခင်းပြင်ကို ဖြတ်ပြေးပြီး အိမ်ဖြူတော်ထဲကို တံခါးဖွင့် ဝင်သွားနိုင်ခဲ့တဲ့အတွက် ဖြစ်တောင့်ဖြစ်ခဲ သမ္မတအိမ်ဖြူတော် လုံခြုံရေးတွေကို ပြန်လည် သုံးသပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

အခုလို လုံခြုံရေးချိုးဖောက်မှုဖြစ်သွားတဲ့ကိစ္စဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ အောက်လွှတ်တော် အမျိုးသားလုံခြုံရေးဆိုင်ရာ ကော်မီတီဥက္ကဋ္ဌလည်းဖြစ်၊ ရီပတ်ဘလီကန် လွှတ်တော်အမတ်လည်းဖြစ်တဲ့ Jason Chaffetz က ပြောပါတယ်။

စနေနေ့တုန်းကလည်း အိမ်ဖြူတော်ထဲကိုဝင်ဖို့ ကြိုးစားသူတဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီး ထိန်းသိမ်းရလိုက်ပါတယ်။ အမျိုးသားတဦးက အိမ်ဖြူတော် ဝင်ပေါက်နားအထိ ကပ်လာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူ့ကို မောင်းထုတ်လိုက်ပေမယ့် ခနကြာတဲ့အခါ အဲဒီလူဟာ သူ့ကားနဲ့ အိမ်ဖြူတော်နားအထိ မောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှတော့ သူ့ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG