သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်ကယ်ရီ နဲ့ ဦးဝဏ္ဏမောင်လွင် တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်က သတင်းဓာတ်ပုံ။ (သြဂုတ် ၁၀၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်က သတင်းဓာတ်ပုံ။ (သြဂုတ် ၁၀၊ ၂၀၁၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ မနေ့ သောကြာနေ့ ညနေပိုင်းက နယူးယောက်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကို အခိုင်အမာ ထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ထပ်မံ အတည်ပြုပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ (၈)ရက်မှာ ကျင်းပမယ့် ပြည်လုံးကျွတ် လွှတ်တော် ရွေးကောက်ပွဲ ဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် အတွက် အရေးပါတဲ့ စမ်းသပ်မှု တရပ်ဖြစ်တယ်။ ဒါကြောင့်မြန်မာအစိုးရအနေနဲ့ ဒီရွေးကောက်ပွဲဟာ ခိုင်လုံစိတ်ချရဖို့၊ ရှင်းလင်းမြင်သာမှုရှိဖို့၊ အားလုံးပါဝင်ဖို့ သေသေချာချာဆောင်ရွက်ဖို့လိုကြောင်း မစ္စတာ ကယ်ရီက အားပေးတိုက်တွန်းလိုက်ပါတယ်။


မြန်မာနိုင်ငံရွေးကောက်ပွဲကို စောင့်ကြည့်အကဲခပ်ဖို့ မြန်မာအစိုးရ ခွင့်ပြုတဲ့အတွက် ကြိုဆိုပေမဲ့ ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာပြောဆိုခွင့် ကန့်သတ်ထားတဲ့ ကိစ္စ၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ လူနည်းစုတွေကို တားဆီးပိတ်ပင်ထားတဲ့ ကိစ္စတွေအတွက် စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အလေးထားပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို အာမခံပေးဖို့နဲ့ အုပ်စုလိုက်ပြောင်းရွှေ့ရမှုရဲ့ဇာတ်မြစ်ကိုဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်လို့လည်း ဝန်ကြီးကယ်ရီက အလေးထားပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်ပြင်နဲ့ မုတ္တမပင်လယ်အော်တို့ အတွင်း ပုံမှန်မဟုတ်တဲ့ လူအုပ်စုလိုက် ရွှေ့ပြောင်းမှုတွေကို ဖြေရှင်းဖို့အတွက် ဒေသတွင်း အားထုတ်မှုနဲ့ ပတ်သက်လို့ လည်း ဝန်ကြီး (၂)ဦး ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG