သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton နိုင်ငံခြားရေးဝန်ကြီးအဖြစ် နောက်ဆုံးမိန့်ခွန်းပြော


Washington မြို့တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံခြား ဆက်ဆံရေးကောင်စီ မှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မိန့်ခွန်းပြောကြားစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
Washington မြို့တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံခြား ဆက်ဆံရေးကောင်စီ မှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မိန့်ခွန်းပြောကြားစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ နိုင်ငံခြားရေးဝန်ကြီး တယောက်အနေနဲ့ နောက်ဆုံးမိန့်ခွန်းကို ကြာသပတေးနေ့က ပြောကြားခဲ့တာ မှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအရေးကိစ္စတွေမှာ အမေရိကန်ပြည်ထောင်စုက သက်ဆိုင်ရာဒေသတွင်းနိုင်ငံတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အကြောင်းကို ပြောကြားသွားခဲ့ပါတယ်၊ အမေရိကန် ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ပါတ်သက်လို့ Washington မြို့တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ မိန့်ခွန်းပြောကြား ခဲ့တာဖြစ်ပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ဘယ်တုန်းကမှနဲ့မတူအောင် ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်၊ ဆိုမားလီးယားနိုင်ငံအတွက် အာဖရိကသမဂ္ဂနဲ့၊ လစ်ဗျားနိုင်ငံအတွက် အာရပ်အဖွဲ့ချုပ်နဲ့ စသဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။ ဒါတင်မက မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသအဖွဲ့လိုမျိုး ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး မြန်မာနိုင်ငံကို သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တသားထဲ ပြန်ဖြစ်အောင်ကူညီခဲ့သလို၊ ရေကာတာတွေ ဆောက်သင့် မသင့် နိုင်ငံတွေကြား ဆွေးနွေးညှိုနှိုင်းမှုတွေလုပ်ခဲ့ပါတယ်၊”

ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးနဲ့ကိုက်ညီအောင် သံတမန်ရေးရာဆောင်ရွက်မှုတွေမှာ အပြောင်းအလဲတွေ လုပ်သင့်တာကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က သူ့ရဲ့ တာဝန်အရ နောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် Congress လွှတ်တော်က အတည်ပြုထားတဲ့ John Kerry ဟာ ဒီကနေ့ February လ ၁ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကျန်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။

အိုဘားမားအစိုးရထဲမှာ လူကြိုက်အများဆုံးအရာရှိအဖြစ် သတ်မှတ်ခံရတဲ့ Mrs. Clinton အစိုးရတာဝန်ကနေ အနားယူပြီးသွားရင် ဘာဆက်လုပ်မှာလဲ ဆိုတာနဲ့ ပါတ်သက်လို့လည်း အများက စိတ်ဝင်စားနေကြပါတယ်၊ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ်လို့လဲ ကျယ်ကျယ်ပြန်ပြန့် ထင်ကြေးပေး ပြောနေကြပါတယ်။
XS
SM
MD
LG