သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးသစ် Quad အဖွဲ့ ဝန်ကြီးတွေနဲ့တွေ့ဆုံ


ကန်နိုင်ငံခြားရေးဝန်ကြီးသစ် Quad အဖွဲ့ ဝန်ကြီးတွေနဲ့တွေ့ဆုံ၊ ဇန် ၂၁၊ ၂၀၂၅
ကန်နိုင်ငံခြားရေးဝန်ကြီးသစ် Quad အဖွဲ့ ဝန်ကြီးတွေနဲ့တွေ့ဆုံ၊ ဇန် ၂၁၊ ၂၀၂၅

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် Marco Rubio ဟာ Quad ခေါ် အင်ဒိုပစိဖိတ်ဒေသ ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဝါရှင်တန်ဒီစီမှာ အင်္ဂါနေ့နေ့လည်ကတွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi တို့ဟာ သမ္မတထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ဖို့ ဝါရှင်တန် ဒီစီမှာ ရောက်ရှိနေကြတာပါ။ ဒေသစံတော်ချိန် တနင်္လာနေ့ ညနေပိုင်းမှာ မစ္စတာ Rubio ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် လွှတ်တော်ကော်မတီက တညီတညွတ်တည်း အတည်ပြုခဲ့တာ ဖြစ်ပြီး၊ ၄ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာသူ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးတွေ့ဆုံတဲ့ ဝန်ကြီးတွေ ဖြစ်ကြပါတယ်။

အမေရိကန်၊ အိန္ဒိယ၊ ဂျပန် နဲ့ ဩစတြေးလျ နိုင်ငံတို့ ပါဝင်တဲ့ Quad ၄ နိုင်ငံမိတ်ဘက်အဖွဲ့ ဟာ အာရှနဲ့ ပစိဖိတ်ဒေသမှာ တရုတ်ဩဇာကို ဟန်ချက်ပြန်ထိန်းဖို့ ဖွဲ့စည်းထားတဲ့ မိတ်ဘက် အဖွဲ့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒအတွက် စိန်ခေါ်ချက်တွေထဲမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှု ကိုလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လွှတ်တော် ကြားနာပွဲမှာ သူက ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

ပင်မတန်ဖိုးထားမှုတွေကို မစွန့်လွှတ်ဘဲ၊ အမျိုးသားလုံခြုံရေးအတွက် ဘယ်တော့မှ အလျှော့မပေးဘဲ၊ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့အမေရိကန်က ကြိုးစားပါမယ်လို့ Rubio ကလွှတ်တော် အတည်ပြုပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပထမဆုံးအကြိမ် ရောက်ရောက်ချင်းမှာပဲ ဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။

please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG