သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးနဲ့ ဘာသာရေး ခွဲခြားလိုတဲ့ ဘင်္ဂလားဒေရှ့် ကျောင်းသား အသတ်ခံရ


ဘွဲ့လွန်ပညာသင်ယူနေတဲ့ ဥပဒေကျောင်းသား အတိုက်ခိုက်ခံရတဲ့နေရာကို ရဲတွေ စစ်ဆေးနေစဉ်။ (ဧပြီ ၇၊ ၂၀၁၆)
ဘွဲ့လွန်ပညာသင်ယူနေတဲ့ ဥပဒေကျောင်းသား အတိုက်ခိုက်ခံရတဲ့နေရာကို ရဲတွေ စစ်ဆေးနေစဉ်။ (ဧပြီ ၇၊ ၂၀၁၆)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးကို ဓါးကိုင်ထားတဲ့ လူတစုက ဒက္ကားမြို့တော်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။

ဘွဲ့လွန်ပညာသင်ယူနေတဲ့ ဥပဒေကျောင်းသား Nazmuddin Samad အနေနဲ့ Jagannath တက္ကသိုလ်ကအပြန် ဗုဒ္ဓဟူးနေ့မှာ ဓါးနဲ့ခုတ်ခံရပြီး မော်တော်ဆိုင်ကယ် သမားတွေရဲ့ ပစ်ခတ်မှုကိုလဲ ထပ်ခံလိုက်ရပါတယ်။

ဒက္ကားက ရဲတွေကလည်း ဒီကျောင်းသား Samad အနေနဲ့ အစ္စလာမ် အစွန်းရောက်သူတွေကို ဝေဖန်တာ၊ မူဆလင် အများစုကြီးစိုးတဲ့ နိုင်ငံရဲ့ နိုင်ငံရေး ကိစ္စတွေမှာ ဘာသာရေးအရ မစွက်ဖက်သင့်တာတွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တာကြောင့် ခုလို ပစ်မှတ်ထားခံရတာလို့ သုံးသပ်ထားပါတယ်။

Samad တက်ခဲ့တဲ့ တက္ကသိုလ်က ရာဂဏန်းတွေချီတဲ့ ကျောင်းသားတွေအနေနဲ့ ခုလို သူ အသတ်ခံခဲ့ရမှုအပေါ် ဆန္ဒပြခဲ့ကြပြီး သတ်ဖြတ်ခဲ့သူတွေကို ချက်ချင်း အရေးယူပေးဖို့ တောင်းဆိုထားကြပါတယ်။

နိုင်ငံတကာက လွတ်လပ်စွာ ထုတ်ဖော်ရေး လှုပ်ရှားသူတချို့ကလဲ ခုလို တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာက ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ပြည်သူေ တွကို ကောင်းကောင်း မစောင့်ရှောက်ပေးနိုင်ဘူး ဆိုတာ ပြလိုက် တာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

သတင်းထောက်များကို ကာကွယ်ရေးကော်မတီက Sumit Galhotra က နိုင်ငံမှာ အမှန်အမှားကို ထောက်ပြရဲတဲ့ အသံတွေ ပို ပို လိုလာနေချိန်မှာ ဒီလိုမျိုး ပြောနိုင်သူတွေ တဦးပြီး တဦး ပါးစပ်ပိတ်ခံနေရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

XS
SM
MD
LG