သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် လုံခြုံရေးတိုးချထား


SOCCER-WORLDCUP-ARG-FRA/REPORT
SOCCER-WORLDCUP-ARG-FRA/REPORT

၂၀၂၂ ခုနှစ် FIFA ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် အာဂျင်တီးနားနဲ့ ပြင်သစ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြမယ့် Lusail အားကစားကွင်း ပြင်ပမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မြင်းစီးရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးကို တိုးမြင့်ချထားပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ ကွာတားဖိုင်နယ်ပွဲမှာ တွေ့ကြတုန်းကတော့ ပြင်သစ်က အာဂျင်တီးနားကို ၄ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့တာမှာ အဲဒီပွဲဟာ ၂၀၁၈ ခုနှစ်အတွက် ကြည့်လို့အကောင်းဆုံးပွဲအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

၂၀၁၈ ဖိုင်နယ်မှာတော့ ပြင်သစ်နဲ့ ခရိုအေးရှား နဲ့ ပြင်သစ်အသင်းတို့ ကစားကြတာမှာ ပြင်သစ်က အနိုင်ရပြီး ချံပီယံ ဖြစ်သွားခဲ့ပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားပွဲဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Lionel Messi နဲ့ ပြင်သစ်အသင်းက နံမည်ကြီး တိုက်စစ်မှူး Kylian Mbappe တို့ တွေ့ကြမှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ Messi အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ဖြစ်နိုင်တာကြောင့် ပရိတ်သတ်ကလည်း မက္ကဆီ ဘောလုံးလောကက အနားမယူခင် ကမ္ဘာ့ဖလား ရသွားမလားဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်နေတာပါ။

==== Unicode ===





XS
SM
MD
LG