သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးဆိုင်ရာ စင်္ကာပူအစည်းအဝေးပွဲ မြန်မာတက်ရောက်

 Shangri-la လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည့် ရှန်ဂရီလာဟိုတယ်မှာ လုံခြုံရေးကင်းလှည့်နေပုံ။ (ဂျွန် ၁၊ ၂၀၁၈)
Shangri-la လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည့် ရှန်ဂရီလာဟိုတယ်မှာ လုံခြုံရေးကင်းလှည့်နေပုံ။ (ဂျွန် ၁၊ ၂၀၁၈)

ရှန်ဂရီလာဒိုင်ယာလော့ ခေါ် အာရှဒေသတွင်းနိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေး တက်ရောက်ဖို့ စကာၤပူနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ဟာ ဒီကနေ့ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ တွေ့ဆုံခဲ့သလို၊ အရှေ့တောင်အာရှ နိုင်ငံတွေက ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့လည်း အစည်းအဝေး မတိုင်ခင် သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးနဲ့ ဒီကနေ့အစောပိုင်းက တွေ့ဆုံတဲ့ဆွေးနွေးရာမှာတော့ အရှေ့တောင်အာရှ ဒေသ လုံခြုံရေးအတွက် အမေရိကန် ပြည်ထောင်စု ဘက်က ကတိကဝတ်နဲ့အညီ ဆက်လက် ဆောင်ရွက် သွားမယ်ဆိုတာကို ကာကွယ်ရေးဝန်ကြီး Mattis က ထပ်လောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

လာမယ့် ဂျွန်လ ၁၂ ရက်၊ စကာၤပူမှာ အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis စကာင်္ပူကို သွားရောက်တာပါ။ ဒါကြောင်လည်း သုံးရက်ကြာကျင်းပမယ့် ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ် နျုကလီးယားကင်းစင်ရေး ကိစ္စကို ဦးစားပေးအဖြစ် ထည့်သွင်း ဆွေးနွေးလိမ့်မယ်ဆိုပြီး အကဲခတ်တွေက ခန့်မှန်းထားနေကြပါတယ်။

တချိန်တည်းမှာပဲ တရုတ်အစိုးရက သူပိုင်အဖြစ် ကြေညာပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ရေတပ် သဘောၤကြီး ၂ စင်း ဖြတ်မောင်းခဲ့တာနဲ့ပတ်သက်လို့လည်း တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုတွေ တိုးနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ စကာၤပူမှာ ကျင်းပနေတဲ့ Shangri-La Dialogue လုံခြံရေးအစည်းအဝေးကို မြန်မာနိုင်ငံက အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုရုံး ဝန်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်နေပါတယ်။

please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG