သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်စခန်းတွေ လုံခြုံရေးတိုးမြှင့်


အမေရိကန်ပြည်ထောင်စုထဲမှာရှိတဲ့ စစ်သားတွေနဲ့ ရဲအရာရှိတွေအပေါ် IS စစ်သွေးကြွတွေ တိုက်ခိုက်နိုင်တဲ့အန္တရာယ် စိုးရိမ်ရတယ်လို့ ပြည်ထောင်စု
စုံစမ်းရေးဗြူရို FBI က ပြောကြားခဲ့ပြီးနောက် အမေရိကန်တဝန်းက တပ်စခန်းတွေရဲ့ လုံခြုံရေးကို ဒီကနေ့ စနေနေ့ကစပြီး တိုးမြှင့်ထားပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်ထဲက Fort Bragg စစ်စခန်းထဲကို ဝင်မယ်ဆိုရင် အစောင့်တွေက ဝင်ခွင့်ရှိသူဟုတ်မဟုတ် ဂိတ်ဝမှာ စစ်ဆေးမှာဖြစ်လို့
အချိန်ပေး စိတ်ရှည်ကြဖို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ IS စစ်သွေးကြွတွေရဲ့ Online ပေါ်က ဆော်သြချက်တွေကို လိုက်လုပ်နိုင်တဲ့သူ
အမေရိကန်ထဲမှာ ထောင်နဲ့ချီ ရှိနိုင်တယ်လို့ FBI ညွှန်ကြားရေးမှူးက ကြာသပတေးနေ့က ကြေညာခဲ့ပြီးနောက်မှာ ခုလို စစ်ခန်းတွေမှာ လုံခြုံရေးတွေ
တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ Texas ပြည်နယ် Dallas မြို့နားက တမန်တော်မိုမက်ပုံတူ ရုပ်ပြောင် ကာတွန်းပြိုင်ပွဲ ကျင်းပတဲ့နေရာမှာ သေနတ်နဲ့ ပစ်ခတ်မှုကို သူတို့လုပ်တာလို့ IS စစ်သွေးကြွတွေက ပြောကြားခဲ့ပါတယ်။ ရဲအရာရှိတယောက်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အဲဒီ သေနတ်သမား ၂ ယောက်ဟာ IS အဖွဲ့နဲ့ ဆက်စပ်မှု ရှိမရှိဆိုတာ အတိအကျပြောနိုင်ဖို့ လုံလောက်တဲ့ အထောက်အထေား မရှိဘူးလို့
အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်ရှင်။

XS
SM
MD
LG