သုံးရလွယ်ကူစေသည့် Link များ

တူရကီသမ္မတ ကို အစဉ်တစိုက် ဝေဖန်ရေးသားလာတဲ့ အတိုက်အခံ သတင်းစာကို အာဏာပိုင်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ပုံနှိပ်ထုတ်ဝေလိုက်ပြီး အစိုးရကို လိုလားတဲ့ဘက်က သိသိသာသာ ရပ်တည် ရေးသားထားပါတယ်။

တူရကီနိုင်ငံရဲ့ အကြီးဆုံး သတင်းစာဖြစ်တဲ့ Zaman သတင်းစာ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့အထဲမှာတော့ ပြီးလုနီးပါးဖြစ်နေတဲ့ တံတားတည်ဆောက်မှုအပေါ် သမိုင်းဝင် စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေတဲ့အကြောင်း သတင်းဆောင်းပါးကို ရေးသား ဖော်ပြထားပါတယ်။ သတင်းစာရဲ့ မျက်နှာဖုံးမှာလည်း ပြုံးနေတဲ့ သမ္မတ Recep Tayyip Erdogan ရဲ့ပုံကို အရေးတယူ ဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့က ထုတ်ဝေတဲ့ Zaman သတင်းစာထဲမှာ သူတို့ရဲ့ သတင်းစာတိုက်ကို အစိုးရက သိမ်းပိုက်ဖို့ ကြိုးစားစဉ် လွတ်လပ်စွာ ပြောဆိုမှုကို အသံတိတ်သွားအောင် လုပ်လို့မရဘူးလို့ အော်ဟစ်ပြီး သတင်းစာတိုက် သိမ်းပိုက်တာကို ဟန့်တားဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အရင်နေ့က ဖြစ်ရပ်တွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ လက်ရှိမှာ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ မူဆလင် တရားဟောဆရာ Fethullah Gulen အပေါ် တူရကီအစိုးရရဲ့ လုပ်ဆောင်မှုတွေထဲက နောက်ဆုံး လုပ်ရပ်လည်း ဖြစ်ပါတယ်။ သူ့ကို တူရကီအစိုးရက နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG