သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Selma မြို့က နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုနှစ် ၅၀ ပြည့်


Selma မြို့မှာ လွန်ခဲ့တဲ့နှစ် ၅၀ က လူ့အခွင့်အရေးတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွဲမှုမြင်ကွင်း။ ( မတ် ၇၊ ၁၉၆၅)
Selma မြို့မှာ လွန်ခဲ့တဲ့နှစ် ၅၀ က လူ့အခွင့်အရေးတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွဲမှုမြင်ကွင်း။ ( မတ် ၇၊ ၁၉၆၅)

အမေရိကန်ပြည်ထောင်စုမှာ Selma မြို့ကနေ Montgomery မြို့ဆီ ချီတက်ဆန္ဒပြခဲ့ကြတာနဲ့ ၁၉၆၅ ခုနှစ် မဲပေးပိုင်ခွင့်ဥပဒေကို လက်မှတ် ရေးထိုးခဲ့ကြတဲ့ အရပ်သားအခွင့်အရေးလှုပ်ရှားမှုတွေ အနှစ် ၅၀ ပြည့်သွားပြီ ဖြစ်ပါတယ်။

Alabama ပြည်နယ် Selma မြို့မှာ လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းက နိုင်ငံသားအခွင့်အရေးတောင်းဆိုတဲ့အနေနဲ့ ၂ မိုင်ချီတက် လမ်းလျှောက်ခဲ့ကြတဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်ဖို့ သမ္မတ Barack Obama နဲ့ သူ့ရဲ့မိသားစုဟာ Selma မြို့ကို ဒီကနေ့ သွားရောက်ပါတယ်။ ၁၉၆၅
ခုနှစ်၊ မတ်လ ၇ ရက်နေ့တုန်းက ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြကြတဲ့ အရပ်သားအခွင့်အရေးတောင်းဆိုသူ လူအုပ်ကြီး ရက်ရက်စက်စက်
ရိုက်နှက်ဖြိုခွဲခံခဲ့ရတဲ့ Edmund Pettus တံတားနေရာမှာ သမ္မတအိုဘားမား မကြာခင် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်ကို Bloody Sunday၊ သွေးစွန်းသောတနင်္ဂနွေလို့ တင်စားခေါ်ဆိုကြပါတယ်။

ဒီနှစ်ပတ်လည်အခမ်းအနားပြီးရင် မဲပေးခွင့်ဆိုင်ရာ အမျိုးသားပြတိုက်ဆီကိုလည်း သမ္မတအိုဘားမားတို့မိသားစု သွားလေ့လာကြမှာဖြစ်ပါတယ်။ လူမည်းတွေ မကြာခဏ ရိုက်နှက်ခံရ၊ လူမည်းတွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးဖို့တောင်းဆိုခဲ့ကြရတဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းကဆိုရင်
African American တယောက်က နိုင်ငံရဲ့သမ္မတဖြစ်လာမယ်ဆိုတာဟာ ယုံကြည်စရာတောင် မရှိနိုင်ဘူးလို့ အဲဒီတုန်းက အခွင့်အရေးတောင်းဆို
လှုပ်ရှားခဲ့ကြသူတွေက ပြောကြပါတယ်။

XS
SM
MD
LG