CIA အမေရိကန် ဗဟိုထောက်လှမ်းရေးအကြီးအကဲအဖြစ်နဲ့ ဂျွန် ဘရန်နန် (John Brennan) ကို သမ္မတ အိုဘားမားက ရွေးချယ်အဆိုပြု ထားတာကို အထက်လွှတ်တော် ထောက်လှမ်းရေး ကော် မတီကနေ အတည်ပြုပေးလိုက်ပါတယ်။
ဘရန်နန် (Brennan) ကို CIA အကြီးအကဲအဖြစ် အထက်လွှတ်တော် တရပ်လုံးက အတည်ပြု ဖို့၊ ကော်မတီကနေ ၁၂ မဲ ၃ မဲနဲ့ ထောက်ခံချက် ပေးလိုက်တာဖြစ်ပါတယ်။ ဒီ သီတင်းပတ်ထဲ မှာတော့ အထက်လွှတ်တော်တရပ်လုံးကနေ မဲခွဲ အတည်ပြုပေးမယ် လို့ မျှော်လင့်ရပါတယ်။
အင်္ဂါနေ့တုန်းက လုပ်တဲ့ အဲ့ဒီအစည်းအဝေးကိုတော့ တခါးပိတ် ပြုလုပ်ခဲ့တာပါ။ ဘာတွေ ဆွေးနွေး ကြသလဲဆိုတဲ့ အသေးစိတ်ကို မထုတ်ပြန်ပါဘူး။ ဒါပေမဲ့လည်း အကြမ်းဖက်သမားလို့ သင်္ကာမကင်းရှိတဲ့ ပြည်ပမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုက အဝေးထိန်းဒုံးလက်နက်နဲ့ တိုက်ခိုက်မှု အသေးစိတ်တွေ ကိုတော့ သမ္မတ အိမ်ဖြူတော်ကနေ အဲ့ဒီကော်မတီကို ပေးပို့ခဲ့ပုံ ရပါတယ်။
အငြင်းပွားစရာဖြစ်နေတဲ့ ဒီမူဝါဒနဲ့ပတ်သက်လို့ အိုဘားမားအစိုးရက မှန်ကန်ကြောင်း ချေ ပနေရာမှာ၊ ဥပဒေကြောင်းအရ အမြင်သဘောထားတွေ ရလိုတယ်လို့ အထက်လွှတ်တော် အမတ်အချို့ က တောင်းဆိုခဲ့ကြပါတယ်။
ဘရန်နန် (Brennan) ဟာ သမ္မတ အိုဘားမားရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ထိပ်တန်း အကြံပေး အရာရှိတဦးဖြစ်ပါတယ်။ အခုလို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ် တာမျိုးကို သူ ထောက်ခံတယ်လို့ မစ္စတာ ဘရန်နန် က ပြောခဲ့ပါတယ်။