သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် စစ်ဖက်ဌာနရဲ့ ပထမဆုံး Gay အကြီးအကဲ


အမေရိကန် ကြည်းတပ် ရေးရာ ဝန်ကြီး Eric Fanning

အမေရိကန် ကြည်းတပ် ရေးရာ ဝန်ကြီး အဖြစ် Eric Fanning ကို အမေရိကန် အထက်လွှတ်တော်က မနေ့ အင်္ဂါနေ့က တညီတညွတ်တည်း အတည်ပြုလိုက်တာကြောင့် Gay ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာထားသူ တဦး အနေနဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ ဌာနကြီး တခုရဲ့ ပထမဆုံး ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

သမ္မတ Barack Obama က Eric Fanning ကို လွန်ခဲ့တဲ့ ၈ လက အမည်စာရင်းတင်သွင်းခဲ့တာပါ။ ဒါပေမယ့် ဂွါတာနာမို အကျဉ်းထောင်မှာ ထိန်းသိမ်းထားသူတွေကို Kansas မှာရှိတဲ့ စစ်အခြေစိုက် စခန်းဆီ ပြောင်းရွှေ့ရေး အစီအစဉ်တွေကြောင့် သူ့ကို အတည်ပြုမယ့် အရေး အထက်လွှတ်တော်က ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းသားတွေ ရွှေ့ပြောင်းရေးဖို့ ကိစ္စက အချိန်လွန်သွားပြီ ဆိုတာကို အမေရိကန် သမ္မတ အိမ်ဖြူတော်က Kansas ပြည်နယ် ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Pat Roberts ကို သေချာပေါက် ပြောဆိုခဲ့အပြီးမှာတော့ မစ္စတာ Fanning ကို အတည်ပြု ခန့်အပ်ရေး မဲခွဲဆုံးဖြတ်ဖို့ကိစ္စအပေါ် အထက်လွှတ်တော်အမတ် Pat Roberts က ကန့်ကွက်ထားတာကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ Eric Fanning ဟာ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်မှာ ၂၀၀၉ ခုနှစ်က စလို့ တာဝန်ထမ်းဆောင်ခဲ့တာမှာ အကြီးတန်း ရာထူးနေရာ အတော်များများကို တာဝန်ယူခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ ရာထူးတာဝန်တွေထဲ လေတပ်ရေးရာ ယာယီ ဝန်ကြီး၊ ရေတပ် လက်ထောက်ဒုတိယဝန်ကြီး နဲ့ ကြည်းတပ်ရဲ့ စီမံခန့်ခွဲမှု ဆိုင်ရာ အရာရှိချုပ်တာဝန်တွေလည်း ပါဝင်ပါတယ်။

ကန် စစ်ဖက်ဌာနရဲ့ ပထမဆုံး Gay အကြီးအကဲ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG