သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီးအသစ် အထက်လွှတ်တော် အတည်ပြု


လွှတ်တော်ကြားနာပွဲတွင် တွေ့ရသည့် ကာကွယ်ရေး ဝန်ကြီးသစ် Ashton Carter. ဖေဖော်ဝါရီ ၄ ၊၂၀၁၅။
လွှတ်တော်ကြားနာပွဲတွင် တွေ့ရသည့် ကာကွယ်ရေး ဝန်ကြီးသစ် Ashton Carter. ဖေဖော်ဝါရီ ၄ ၊၂၀၁၅။

မစ္စတာကာတာဟာ သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ လေးဦးမြောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး အနားယူ တော့မယ့် ချပ်က် ဟေဂဲလ် (Chuck Hagel) အစား တာဝန်ယူမှာပါ။

အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာကာတာဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှာ နံပါတ် ၂ နေရာ ဖြစ်တဲ့ ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ဖူးပါတယ်။

ဒါ့အပြင် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်နက်ဝယ်ယူရေးဌာန အကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးပါတယ်။ အဲဒီအချိန်တုန်းက F-35 ဂျက်တိုက်လေယာဉ်တွေကို ပြန်လည်စုဖွဲ့တည်ဆောက်ရေး အဓိကအစီအစဉ်တခုကို ဦးဆောင် တာဝန်ယူခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ဖို့၊ လက်နက်အသစ်တွေရဲ့ ကုန်ကျစရိတ်ကို လျှော့ချဖို့နဲ့ နည်းပညာအသစ်တွေကို တပ်ဖွဲ့တွေဆီ ပိုပြီးတော့ လျင်လျင်မြန်မြန်ပို့နိုင်ရေး လုပ်သွားမယ်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလုပ်တဲ့ လွှတ်တော်ကြားနာပွဲမှာ မစ္စတာကာတာက ပြောခဲ့ပါတယ်။

မစ္စတာကာတာဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ စွမ်းဆောင်ရည် ပိုကောင်းလာစေမယ့် ကာကွယ်ရေးအသုံးစရိတ်အတွက် ပိုပြီးတာဝန်သိတဲ့ချဉ်းကပ်မှုတခုကို ရှာဖွေရေး ကွန်ဂရက်လွှတ်တော်နဲ့ အစိုးရတို့ အတူတကွပူးတွဲလုပ်ဆောင်ဖို့၊ စစ်ဘက်ရဲ့ အဆင်သင့်ဖြစ်မှုကို ထိန်းသိမ်းထားဖို့၊ တပ်ဖွဲ့ဝင် အမျိုးသား အမျိုးသမီးတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ ယုံကြည်မှုကိုထိန်းသိမ်းထားဖို့ အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အထက်လွှတ်တော်က အတည်ပြုအပြီး ထုတ်ပြန်ချက်ထဲမှာ မစ္စတာ အိုဘားမားကပြောထားပါတယ်။

XS
SM
MD
LG