သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ထိန်းချုပ်ရေး ပြင်ဆင်ချက်မူကြမ်း အထက်လွှတ်တော် ပယ်ချ


သေနတ်ထိန်းချုပ်ရေး မူကြမ်း အထက်လွှတ်တော်ပယ်ချ ပြီးနောက် အိမ်ဖြူတော်မှာ သမ္မတ အိုဘားမား သတင်းစာ ရှင်းလင်းပွဲပြုလုပ် (၁၇ ဧပြီ ၂၀၁၃)
သေနတ်ထိန်းချုပ်ရေး မူကြမ်း အထက်လွှတ်တော်ပယ်ချ ပြီးနောက် အိမ်ဖြူတော်မှာ သမ္မတ အိုဘားမား သတင်းစာ ရှင်းလင်းပွဲပြုလုပ် (၁၇ ဧပြီ ၂၀၁၃)
သေနတ်ဝယ်မဲ့သူတွေရဲ့ နောက်ကြောင်းကို ပိုပြီး စစ်ဆေးဖို့ လွှတ်တော် ၂ ရပ်ပေါင်း တင်ပြတဲ့ အစီအစဉ်ကို အထက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အမေရိကန် အများစုက ထောက်ခံကြောင်း စစ်တမ်းတွေက ပြောပေမဲ့ အထက်လွှတ်တော်က ပယ်ချခဲ့တဲ့အပေါ် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းအပေါ်မှာ အခုလို အပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။

ဒီကနေ့ကတော့ Washington အတွက် တကယ့်ကို ရှက်စရာကောင်းတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းမှုဟာ မပြီးဆုံးသေးပါဘူးလို့ သမ္မတ အိုဘားမား က ပြောခဲ့တာ ဖြစ်ပါတယ်။

သေနတ်ကိုင်ဆောင်ဖို့ လိုလားသူတွေ၊ စည်းရုံးသူတွေ၊ ထောက်ခံ သူတွေဟာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လိမ်ညာခဲ့ကြတယ်လို့လည်း သမ္မတက ဆိုခဲ့ပါတယ်။

သေနတ်ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ အထက်လွှတ်တော်အမတ် ၅၄ ယောက် က ထောက်ခံ ခဲ့ပေမဲ့ အထက်လွှတ်တော် စည်းမျဉ်းအရ အတည်ပြုနိုင်ဖို့ ၆ မဲအလိုနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တကယ်လို့သာ ထောက်ခံအတည်ပြုနိုင်ခဲ့ရင် သေနတ်ပြခန်းတွေ၊ အင်တာနက်တွေပေါ်ကနေ သေနတ်ဝယ်ယူမယ့်သူတွေရဲ့ နောက်ကြောင်းကို အခုထက်ပိုပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မိသားစုဝင် အချင်းချင်းဆီက ပြန်ပြီး ဝယ်ယူသူတွေကတော့ ဒီကန့်သတ်ချက်ကို ထည့်မထားပါဘူး။ Connecticut ပြည်နယ် Newtown မြို့မှာ ဒီဇင်ဘာလက ကလေးငယ် ၂၆ ယောက်နဲ့ ဆရာဆရာမတွေ သေနတ်တဲ့ ပစ်သတ်ခံခဲ့ရတဲ့ အဖြစ် ဖြစ်ခဲ့ပြီးတဲ့နောက် တင်းကျပ်တဲ့ သေနတ်ထိန်းချုပ်ရေး လုပ်ဖို့ သမ္မတ အိုဘားမား က တိုက်တွန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG