သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံရောက်


အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb)
အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb)

အမေရိကန်ကဗားဂျီးနီးယား (Virginia) ပြည်နယ်ရဲ့ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ်၊ ဂျင်ဝက်ဘ် (Jim Webb) ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ မစ္စတာ ဝက်ဘ် ဟာ ဒီကနေ့ညနေက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။ အထက်လွှတ်တော် အမတ် ဝက်ဘ် ဟာ အရှေ့အာရှ နှင့် ပစီဖိတ်ရေးရာ၊ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အပြင် အထက်လွှတ်တော် စစ်မှုထမ်းရေးရာ ကော်မတီ အဖွဲ့ဝင် လည်းဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) ဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးတင်ဦးနဲ့ မနက်ဖြန်မှာတွေ့ဆုံဖို့ ရှိတဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဗွီအိုအေကို ပြောပါတယ်။

“မနက်ဖြန် ညနေတွေ့ မယ် လို့ သူတို့ အကြောင်းကြားထားတယ်။ နေရာမသိသေးဘူး။ ထပ်မံ ပြီးတော့ အတည်ပြုပေးမယ် ပြောမယ် ပြောထားတယ်။ ဦးတင်ဦး နဲ့ တွေ့ဖို့နော်။ ဒေါ်အောင်ဆန်း စုကြည် နဲ့ တော့ ကျနော် မသိဘူး။”

အန်အယ်လ်ဒီ (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာပါ။

အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ရောက်လာတာ ဖြစ်ပြီးတော့ သူဟာ အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါကို အစောပိုင်း ကတည်းက ဦးဆောင် ပြောဆိုနေခဲ့သူတဦးလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို သွားရောက်စဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အဲဒီအချိန်က စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ပထမဆုံး တွေ့ဆုံခွင့်ရတဲ့ အမေရိကန် လွှတ်တော်အမတ် တဦးလည်း ဖြစ်ပါတယ်။

Jim Webb ဟာ ဧပြီလ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။ အခု ဒီခရီးစဉ်က ဂျပန်၊ ထိုင်း၊ မြန်မာနိုင်ငံ စတဲ့ သုံးနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG