သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တောင်အာရှခရီးစဉ်မှာ ရိုဟင်ဂျာအကြောင်း ဆွေးနွေးဖို့ရှိ

Uzra Zeya, senior U.S. diplomat of US for democracy and human rights.
Uzra Zeya, senior U.S. diplomat of US for democracy and human rights.

ရိုဟင်ဂျာဒုက္ခသည်အရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးတွေကို ဆွေးနွေးဖို့ အမေရိကန် အဆင့်မြင့် သံတမန်တယောက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို သွားရောက်နေပါတယ်၊ အမေရိကန်နိုင်ငံခြားရေးဌာန အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ရဲ့ ဇူလိုင် ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၂ နိုင်ငံခရီးစဉ်အတွင်း ဘေးဖယ် ကျဉ်ခံထားရသူတွေအကြောင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအကြောင်း အရပ်ဖက်လူမှုအဖွဲ့တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံကို အရင်သွားတဲ့ခရီးစဉ်အတွင်း ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအပြင်၊ ဒီမိုကရေစီနဲ့ ဒေသတွင်းလုံခြုံရေးကိစ္စတွေနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးပိုင်းမှာ အမေရိကန်နဲ့ အိန္ဒိယပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်နိုင်ရေး အိန္ဒိယ အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကျရင်တော့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ဟာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး၊ လူ့အခွင့်အရေး၊ လွတ်လပ်မျှတဲ့ရွေးကောက်ပွဲကျင်းပရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး စတဲ့ကိစ္စတွေကို ထိပ်တန်းအရာရှိတွေနဲ့ ဆွေးနွးမယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လူမှုအသိုင်းအဝန်းထဲမှာ အမျိုသမီးနဲ့ မိန်းကလေးငယ်တွေ၊ မသန်စွမ်းသူတွေ၊ နိုင်ငံရေး လူမျိုးရေးကြောင့် ဘေးဖယ်ခံထားရသူတွေကို နေရာပေးရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်တွေနဲ့ ပတ်သက်လို့ ၂ နိုင်ငံလုံးမှာ အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG