သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာ ၁၁ အကြမ်းဖက်မှု နှစ်ပတ်လည် သမ္မတ Obama တက်ရောက်


၁၃ကြိမ်မြောက် နှစ်ပတ်လည် သမ္မတအိုဘားမား အိမ်ဖြူတော်မှာကျင်းပ (စက်တင်ဘာ ၁၁၊ ၂၀၁၄)။
၁၃ကြိမ်မြောက် နှစ်ပတ်လည် သမ္မတအိုဘားမား အိမ်ဖြူတော်မှာကျင်းပ (စက်တင်ဘာ ၁၁၊ ၂၀၁၄)။

အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတာ ၁၃ နှစ်မြောက် အဖြစ် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားနှစ်ခုကို သမ္မတ ဘရာ့ခ် အိုဘားမား တက်ရောက်ပါတယ်။

နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးဌာန WTC အဆောက်အဦးနှစ်ခုထဲက တခုကို၊ ပြန်ပေးဆွဲခံရတဲ့ ပထမ ခရီးသည်တင် လေယာဉ်နဲ့ ဝင်တိုက်ခဲ့တဲ့အချိန်မှာ ကျင်းပပြုလုပ်မယ့် သမ္မတအိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်က အစီအစဉ်မှာ သမ္မတအိုဘားမားနဲ့ အတူ သမ္မတကတော် မီရဲှလ် အိုဘားမား၊ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန်တို့လည်း တက်ရောက်ကြပါတယ်။

အဲ့ဒီနောက် အမေရိကန်စစ်ဌာနချုပ် ပန်တဂွန်မှာလုပ်မယ့် အခမ်းအနားကိုလည်း သမ္မတနဲ့ သမ္မတကတော်တို့ တက်ရောက်ကြ ပါမယ်။ ပြန်ပေးဆွဲခံရတဲ့ တတိယ ခရီးသည်တင်လေယာဉ် ပန်တဂွန်စစ်ဌာနချုပ် အဆောက်အဦးပေါ် ပျက်ကျခဲ့တုန်းက လူရာနဲ့ချီ သေဆုံးခဲ့ရတာပါ။

အီရတ်နဲ့ဆီးရီးယားတို့မှာ လှုပ်ရှားနေတဲ့ အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့ကို တိုက်ခိုက်နှိမ်နင်းမယ့် မဟာဗျူဟာကို မစ္စတာ အိုဘားမား ဗုဒ္ဓဟူးနေ့က ကြေညာ ခဲ့ပြီးတဲ့နောက် ဒီကနေ့ကျရောက်တဲ့ 9-11 နှစ်ပတ်လည်နေ့မှာ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်တွေ ကျင်းပမှာဖြစ်ပါတယ်။

နယူးယောက်မြို့မှာတော့ WTC အဆောက်အဦးတွေကို ဝင်တိုက်ခံ ရပြီးတဲ့နောက် သေဆုံးသွားသူ ၃၀၀၀ နီးပါးရဲ့ မိသားစုဝင်တွေက သေဆုံး သွားသူတွေ ရဲ့ နာမည်တွေကိုဖတ်ပြီး ဝမ်းနည်းကြေကွဲဖွယ် အထိမ်းအမှတ် ကျင်းပကြမှာဖြစ်ပါတယ်။

XS
SM
MD
LG