သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေနဲ့ ဟန်ဂေရီ ရဲတွေကြား ထိပ်တိုက်တွေ့


ရွှေ့ပြောင်း ဒုက္ခသည်တွေကို မျက်ရေယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီးတားဆီးနေ (စက်တင်ဘာလ ၁၆၊ ၂၀၁၅)
ရွှေ့ပြောင်း ဒုက္ခသည်တွေကို မျက်ရေယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီးတားဆီးနေ (စက်တင်ဘာလ ၁၆၊ ၂၀၁၅)

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ ကို ဟန်ဂေရီ နိုင်ငံက ဆားဘီးယားနဲ့ နယ်စပ်တွေကို ပိတ်ပြီး နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင် လိုက်ပြီးနောက်နိုင်ငံတွင်း ဝင်ရောက်ဖို့ ဆက်ပြီး ကြိုးစားနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး တားဆီးထားပါတယ်။

ဒီကနေ့မှာဘဲ ခရိုအေးရှားနိုင်ငံက ပြောင်းဖူးခင်းတွေကို ဖြတ်ပြီး ရောက်ရှိလာကြတဲ့ ရာနဲ့ချီတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကိုတော့ ခရိုအေးရှားက ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ပါတယ်။ ဆားဘီးယား နယ်စပ်ကို ဖြတ်ပြီး ဟန်ဂေရီ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အီရတ် အမျိုးသားတဦးကိုတော့ ဟန်ဂေရီ နိုင်ငံတွင်း မှာ တနှစ်ထောင်ချပြီး နယ်နှင်ဖို့ ဟန်ဂေရီ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ဟန်ဂေရီနိုင်ငံရဲ့ ဆောင်ရွက်ချက်ကို ခရိုအေးရှား ဝန်ကြီးချုပ်က ဝေဖန်ပါတယ်။

ဆီးရီးယားနိုင်ငံနဲ့ တခြား စစ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို လက်ခံဖို့ အတွက် ခရိုအေးရှားနိုင်ငံက ပြင်ဆင်ထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

ဆားဘီးယား အနောက်ပိုင်း နယ်စပ်ကနေ ရွှေ့ပြောင်း ဒုက္ခသည်တွေ ခရိုအေးရှားနိုင်ငံဘက်ကို လမ်းလျှောက်လာကြတဲ့ အချိန်မှာဘဲ ခရိုအေးရှား အာဏာပိုင်တို့က နယ်စပ်မှာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဘောလကန် ဒေသ စစ်ပွဲတွေ အတွင်း ကျန်ရှိနေသေးတဲ့ မိုင်းကွင်းတွေကို အမှတ်အသား လုပ်ပေးဖို့ အတွက် မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူတွေကို နယ်စပ်ကို အရေးပေါ် စေလွှတ်ခဲ့ပါတယ်။

ဟန်ဂေရီ အာဏာပိုင်တို့ကတော့ သူတို့ နယ်စပ်တွေကို ပိတ်ထားရ တာဟာ နေရပ်ရင်း မှာ ဖိနှိပ်ညှဉ်းဆဲ ခံရလို့ ထွက်ပြေးလာကြတာ မဟုတ်ဘဲ စီးပွားရေး အခွင့်အလမ်းကောင်း ရှာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ အုံနဲ့ ကျင်းနဲ့ နိုင်ငံတွင်း ဝင်ရောက်လာမယ့် အရေးကို ကာကွယ်နေတာ ဖြစ်တယ်လို့ ခုခံ ပြောဆိုနေပါတယ်။

XS
SM
MD
LG