သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အိုးပင်း ဆရီနာ ဗိုလ်စွဲ


ဆရီနာ ဝီလီယံ (Serena Williams)
ဆရီနာ ဝီလီယံ (Serena Williams)
ပြင်သစ်အိုးပင်း အမျိုးတဦးချင်းပြိုင်ပွဲမှာ အမေရိကန်နိုင်ငံက ကမ္ဘာ့အဆင့် ၁ ဆရီနာ ဝီလီယံ (Serena Williams) က မနှစ်က ချန်ပီယံ ရှာရာပိုဗား (Maria Sharapova) ကို အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။

ပဲရစ်မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ နောက်ဆုံးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် ၁ ဆရီနာ ဝီလီယံက ရုရှားနိုင်ငံက ကမ္ဘာ့အဆင့် ၂ မာရီယာ ရှာရာပိုးဗား ကို ၆-၄ ၊ ၆-၄ နဲ့ ၂ ပွဲ ပြတ်အနိုင်ရိုက်ပြီး ဗိုလ်စွဲသွားတာပါ။ အခုလို အနိုင်ရသွားခဲ့တဲ့အတွက် ဆရီနာ ဝီလီယံဟာ ပထမဆုအဖြစ် နဲ့ ဆုကြေးငွေ ယူရို ၁ သန်းခွဲရသွားပြီး၊ ဒုတိယရသွားတဲ့ မာရီယာ ရှာရာပိုးဗားကတော့ ယူရိုငွေ ၇ သိန်းခွဲရသွားခဲ့ပါတယ်။

ဒါဟာ ဆရီနာဝီလီယံအတွက်တော့ ပြင်သစ်အိုးပင်းကို ဒုတိယအကြိမ် အနိုင်ရတာလည်းဖြစ်ပါတယ်။ ပထမတကြိမ်ကိုတော့ လွန်ခဲ့တဲ့ ၁၁ နှစ် ၂၀၀၂ ခုနှစ်တုန်းက အနိုင်ရခဲ့တာပါ။ ဒါ့အပြင် ဒီဆုဟာ ဆရီနာအတွက်တော့ ဂရန်းစလမ်းဖလားကို ၁၆ ကြိမ်မြောက် အနိုင်ရတာလည်း ဖြစ်ပါတယ်။

ဆရီနာကတော့ သူ့အနေနဲ့ ပြင်သစ်အိုးပင်းကို အနိုင်ရဖို့အတွက် ကစားတာသာဖြစ်ပြီး ဂရန်းစလမ်းဆုဖလားကို ၁၆ ကြိမ်အနိုင်ရဖို့အတွက် ကစားခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။ ဂရန်းစလမ်း ဆုဖလားကို အများဆုံးရာထားတာကတော့ မာတီနာ နာဗရာတီလိုဗာ (Martina Navratilova) နဲ့ ခရစ်္စ အဲဗာ့တ် (Chris Evert) တို့ဖြစ်ပြီး၊ သူတို့ ၂ ယောက်ဟာ ဂရန်းစလမ်းဖလားကို ၁၈ ကြိမ်စီ နဲ့ အများဆုံး အနိုင်ရထားသူတွေဖြစ်ပါတယ်။

အမျိုးသားတဦးချင်းဖိုင်နယ်ကိုတော့ စပိန် နိုင်ငံက လက်ရှိ ပြင်သစ်အိုးပင်းချန်ပီယံ ရာဖဲလ် နဒါးလ် (Rafael Nadal) နဲ့ သူနဲ့ တနိုင်ငံတည်းသား ဒေးဗစ်ဖာရာ တို့ ဇွန်လ ၉ ရက် တနင်္ဂနွေနေ့မှာ ဗိုလ်လုကြမှာဖြစ်ပါတယ်။
XS
SM
MD
LG