သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာရဲ့အကြဉ်ခံနေရတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး အာဖရိကနိုင်ငံတွေကို စည်းရုံးရေးထွက်


အီဂျစ်သမ္မတ Abdel Fattah el-Sissi နဲ့ ရုရှားနိင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ တွေ့ဆုံကြစဉ်။ (ဇူလိုင် ၂၄၊ ၂၀၂၂)
အီဂျစ်သမ္မတ Abdel Fattah el-Sissi နဲ့ ရုရှားနိင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ တွေ့ဆုံကြစဉ်။ (ဇူလိုင် ၂၄၊ ၂၀၂၂)


[[Zawgyi/Unicode]]

ယူကရိန်းကျူးကျော်စစ်ကြောင့် ကြုံတွေ့နေရတဲ့ ပိတ်ဆို့အရေးယူခံရတာတွေ၊ အကြဉ်ခံရတာတွေ သက်သာဖို့အတွက် ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ဟာ အီဂျစ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ တနင်္ဂနွေနေ့က ကိုင်ရိုမြို့ကို ရောက်ရှိနေပါတယ်။ အီသီယိုပီးယား၊ ယူဂန်ဒါ၊ ကွန်ဂိုနိုင်ငံတွေကို သွားမယ့် အာဖရိကခရီးစဉ်ရဲ့ ပထမဆုံးခရီးအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးက အီဂျစ် ကို ရောက်ရှိလာခဲ့တာပါ။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်အပြီး ၂ ပတ် မကြာမီမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ရဲ့ ခရီးစဉ် က ဖြစ်လာခဲ့တာပါ။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shukry (ဆာမေး ရှုကရီ) က ရုရှားနိုင်ငံခြားရေးဝန်ကြီးကို တနင်္ဂနွေနေ့မနက်က လက်ခံတွေ့ဆုံကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဟာ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Ahmed Aboul Gheit နဲ့ တွေ့ဆုံဦးမှာပါ။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ကမ္ဘာတဝှမ်း ဈေးတွေတက်ခဲ့ရပြီး အထိအနာဆုံးကတော့ အာဖရိကနိုင်ငံတွေပဲ ဖြစ်ကြပါတယ်။ အာဖရိကနိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေဟာလည်း ရုရှား ယူကရိန်းစစ်ပွဲကို ရောက် သွားခဲ့တဲ့အတွက် အာဖရိကနိုင်ငံတွေက နစ်နာခဲ့ကြပါတယ်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခဒေသတွေက သန်းပေါင်းများစွာသော ပြည်သူတွေ ဟာ စားနပ်ရိက္ခာ ပြတ်လပ်ပြီး အကူအညီမဲ့တဲ့အဖြစ်နဲ့ ရင်ဆိုင်နေကြရတာပါ။

ခုလို စားနပ်ရိက္ခာ အကျပ်အတည်း ကြုံရတာ ရုရှားမှာ တာဝန်ရှိတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲတာတွေဟာ တခြားသူတွေအပေါ် အပြစ်ပုံချဖို့ ကြိုးစားမှု နောက်တခုဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ တင်ထားတဲ့ဆောင်းပါးမှာ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောပါတယ်။ ဒီ ဆောင်းပါးကို အာဖရိကသတင်းစာ ၄ စောင်က ထပ်မံ ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။

==============

[Unicode]]







XS
SM
MD
LG