သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတောင်ပိုင်း ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၄ ဦးသေ


ထိုင်းတောင်ပိုင်း Hua Hin အပန်းဖြေကမ်းခြေ ဗုံးပေါက်ကွဲမှု
(သြဂုတ် ၁၂၊ ၂၀၁၆)
ထိုင်းတောင်ပိုင်း Hua Hin အပန်းဖြေကမ်းခြေ ဗုံးပေါက်ကွဲမှု (သြဂုတ် ၁၂၊ ၂၀၁၆)

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဒီကနေ့ နဲ့ မနေ့က နှစ်ရက် ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာမှာ လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ Hua Hin အပန်းဖြေကမ်းခြေ ၊ ကျွန်းစုတွေ အများအပြားရှိရာ Surat Thani မြို့၊ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ Phuket နဲ့ တောင်ပိုင်း Trang အပန်းဖြေဒေသတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။

ဒီပေါက်ကွဲမှုတွေဟာ ဒေသတွင်း အဖျက်အမှောက် လုပ်လိုသူတွေ ရဲ့လုပ်ရပ် ဖြစ်နိုင်ပြီး အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ လုပ်ရပ်လို့တော့ မယူဆရတဲ့အကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ ရဲမှူးကြီး Krisana Pattanacharoen က ဒီကနေ့ ပြောပါတယ်။

တိုင်းပြည် တည်ငြိမ်ပြီး စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေ တိုးတက်ကောင်းမွန် လာအောင် ဦးတည် ဆောင်ရွက်နေချိန်မှာ ဒီဗုံးပေါက်ကွဲမှုတွေဖြစ်တာဟာ လူတွေကြား ရှုပ်ထွေးမှုတွေဖြစ်အောင် သက်သက် ဖန်တီး လုပ်ဆောင်တာလို့ စစ်အစိုးရ အကြီးအကဲ Prayut Chan-o-cha က ပြောပါတယ်။

သိပ်မကြာခင်ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ စစ်အစိုးရ ဦးဆောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သန်းနဲ့ချီတဲ့ ထိုင်းနိုင်ငံသားတွေ မဲပေး အတည်ပြု ခဲ့ကြတာပါ။ ဒီလူထုဆန္ဒခံယူပွဲဟာ ရွေးကောက်ပွဲသစ်တွေ ကျင်းပနိုင်ဖို့ လမ်းပွင့်သွားတာဖြစ်တယ်လို့ စစ်ဘက်ခေါင်းဆောင်တွေ က ပြောပေမဲ့၊ ဝေဖန်သူတွေကတော့ ဒါဟာ အစိုးရအတွင်း စစ်တပ်ရဲ့ အခန်းကဏ္ဍကို နောင် နှစ်ပေါင်းများစွာ ဆက်ပြီးထားရှိနိုင်အောင် ကြိုးပမ်းတာလို့ မြင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG