သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇ ဇူလိုင်အထိမ်းအမှတ် သမဂ္ဂနေရာဟောင်းမှာကျင်းပ

7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
1/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
2/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
3/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
4/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
5/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
6/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်း)
7/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်း)
အသေးစိတ် ဖတ်ရှုရန် Show less
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း လုံခြုံရေးယူထားသော အာဏာပိုင်များ
8/16 ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း လုံခြုံရေးယူထားသော အာဏာပိုင်များ
အသေးစိတ် ဖတ်ရှုရန် Show less
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း လုံခြုံရေးယူထားသော အာဏာပိုင်များ
9/16 ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း လုံခြုံရေးယူထားသော အာဏာပိုင်များ
အသေးစိတ် ဖတ်ရှုရန် Show less
ခွင့်ပြုချက်မပါဘဲ ဆန္ဒပြလို့ ကျောင်းသားတွေကို တားဆီးနေစဉ်
10/16 ခွင့်ပြုချက်မပါဘဲ ဆန္ဒပြလို့ ကျောင်းသားတွေကို တားဆီးနေစဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July
11/16 7 July
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
12/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
13/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
14/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
15/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
16/16 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဒီမိုကရေစီပညာရေးသပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ လွှတ်တော်တွင်း နေရာယူထားတဲ့ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို အမြန်ဆုံး ဖယ်ရှားပေးဖို့ ကျောင်းသားတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဒီမိုကရေစီစနစ်ကျတဲ့ ပညာရေးကို ဦးတည်နိုင်ဖို့ ကျောင်းသားတွေရဲ့ အမှန်တကယ် လိုလားချက်တွေကို အလေးထားဖို့ ကျောင်းသားတွေက တောင်းဆိုလိုက်တာပါ။

တက္ကသိုလ်ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ ဗုံးခွဲဖျက်ဆီးခဲ့တဲ့ 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ပြုလုပ်ခဲ့စဉ်မှာ အခုလို တောင်းဆိုလိုက်တာပါ။ ဒီနေ့ကျရောက်တဲ့ 7 July အခမ်းအနားတွေအကြောင်း ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၅၃ နှစ်မြောက် 7 July အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းက သမဂ္ဂအဆောက်အအုံနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ ခွင့်ပြုချက်တစုံတရာ ကြိုတင်မယူထားလို့ ရဲတပ်ဖွဲ့က သတိပေးခဲ့ပေမဲ့ ကျောင်းသားတွေကတော့ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ မြေနေရာရှေ့ထိ သွားရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ 7 July အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့က မနက်ပိုင်းနဲ့ ညနေပိုင်း သီးခြားစီခွဲပြီး ပြုလုပ်ခဲ့ကြတာပါ။

“ကျနော်တို့ ဒီနေ့ပွဲက ဦးနေဝင်းလက်ထက်ကနေပြီးတော့ စခဲ့တဲ့ စစ်အာဏာရှင်စနစ်က ဒီနေ့အထိ မချုပ်ငြိမ်းသေးဘူးဆိုတာကို ကျနော်တို့ ပြချင်တယ်။ နောက်တခုက အဓိကအချက်ကတော့ ဒီ 7 ဇူလိုင်မှာ သမဂ္ဂအဆောက်အအုံကို တကသအဆောက်အအုံ ဗုံးခွဲဖျက်ဆီးလိုက်တဲ့ ကျနော်တို့ နောင်တော်ကျောင်းသားတွေ ကျဆုံးခဲ့တာကို ကျနော်တို့ မမေ့ဘူးဆိုတာကို သက်သေပြချင်တယ်။ အဲဒါပါပဲ အဓိကအချက်ကတော့။”

ဒီကနေ့ 7 July အခမ်းအနားအကြောင်း မြင်းခြံ ဗကသ ကျောင်းသားတဦးဖြစ်တဲ့ ကိုဇော်လင်းအောင် ပြောပြသွားတာပါ။ မနက်ပိုင်းမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ (ဗကသ) က ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ထဲကို လာရောက်ခဲ့ကြပြီးတော့ ပန်းခွေချတာ၊ အရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ကျောင်းသားတွေကို ဂါရဝပြုတာတွေ ပြုလုပ်ခဲ့ကြတာပါ။ ညနေပိုင်းမှာတော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) က ကျောင်းသားတွေ လာရောက်ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲ ဝင်ရောက်ဖို့အတွက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ အနည်းငယ် အချေအတင် ဆွေးနွေးခဲ့ကြရတာကလွဲရင် ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။

တကသကျောင်းသားတွေကတော့ လွှတ်တော်တွင်း နေရာယူထားတဲ့ စစ်သားလွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားပေးဖို့ ဆက်လက်တောင်းဆိုကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ခေါင်းဆောင် ဇေယျာလွင်က ပြောပါတယ်။

“၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ စစ်အာဏာရှင်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ကျနော်တို့တိုင်းပြည်ကို ဒုက္ခပေးခဲ့တယ်။ ဒီကနေ့ထိလည်း လွှတ်တော်ထဲမှာရော ဖွဲ့စည်းပုံထဲမှာပါ အာဏာကို အတင်းအဓမ္မ သွတ်သွင်းပြီးတော့ တိုင်းပြည်ကို အာဏာသိမ်းထားတာ အားလုံး မျက်မြင်ပါပဲ။”

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံရှေ့ ဆန္ဒထုတ်ဖော် စုဝေးခဲ့ကြတဲ့ ကျောင်းသားတွေဟာ ခွင့်ပြုချက် ကြိုတင်တောင်းခံထားခြင်း မရှိတာကြောင့် ပုဒ်မ ၁၈ နဲ့ အရေးယူသွားဖို့ ရှိတယ်လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့က သူတို့ကို တားမြစ်ပါတယ်။ ခွင့်ပြုချက်တောင်းဖို့လိုတယ်။ ခွင့်ပြုချက်ပါသလားလို့မေးတာ မပါဘူး။ ဒါကို ကျနော်တားမြစ်တဲ့အခါမှာ သူတို့က ဒါကို ပြီးအောင်တော့လုပ်မယ်။ ဥပဒေနဲ့အညီ နောက်မှပဲ သူတို့ရှင်းမယ်လို့ သူတို့ဘက်က တောင်းဆိုပြီး ပြောသွားတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ဘက်ကလည်း ဥပဒေနဲ့အညီပဲ ဆက်ပြီးတော့ အရေးယူဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကျောင်းသားသမိုင်းမှာ မေ့လို့မရနိုင်တဲ့ 7 July အမှတ်တရတွေဟာ အမြဲရှင်သန်နေဦးမယ်လို့ ကျောင်းသားတွေက ယုံကြည်ကြပါတယ်။

“7 ဇူလိုင် ဖြစ်စဉ်ကြီးတရပ်လုံးကတော့ ကျနော်တို့ ဟောဒီ မြန်မာနိုင်ငံကြီးရှိနေသ၍ ဒီဖြစ်စဉ်က ရှိနေမယ်။ ဒါပေမဲ့ ကျနော်တို့က ခုနကပြောတဲ့ ဒီမိုကရေစီရပြီဆိုတဲ့ အချိန်မှာတော့ ကျနော်တို့ ဒါတွေကို ခမ်းခမ်းနားနားနဲ့ကို ဂုဏ်ပြုရမယ်လို့ ကျနော်တို့ ခံယူထားပါတယ်။”

တကသကျောင်းသားခေါင်းဆောင် ဇေယျာလွင်ကို ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်မြို့လယ် ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့တဲ့အမှုနဲ့ ဖမ်းဝရမ်းထုတ်ထားခဲ့တာကြောင့် 7 July အထိမ်းအမှတ် ဆန္ဒပြပွဲအပြီးမှာပဲ ရန်ကုန်တက္ကသိုလ် ပရဝဏ်အနီးမှာ ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။ ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့ ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီလက်ထက် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြတာကို နှိမ်နင်းတဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်စီးခဲ့ရာကနေ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့တာပါ။

ဒီကနေ့ ၅၃ နှစ်မြောက် 7 July အမှတ်တရနေ့မှာ ရန်ကုန်မြို့အပြင် မန္တလေး၊ မိတ္ထီလာ၊ မုံရွာ၊ ပုသိမ်၊ ပြည် စတဲ့ နေရာအနှံ့မှာလည်း 7 July အထိမ်းအမှတ် အခမ်းအနားတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG