သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ယာလန် ဓာတ်ဆီဆိုင်ပေါက်ကွဲမှု အနည်းဆုံး ၉ ဦးသေဆုံး


IRELAND-EXPLOSION
IRELAND-EXPLOSION


အိုင်ယာလန်နိုင်ငံ အနောက်မြောက်ပိုင်း Donegal ဒေသက ဓါတ်ဆီဆိုင်တဆိုင်မှာ သောကြာနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၉ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောပါတယ်။

Creeslough ရွာမှာရှိတဲ့ အဲဒီဓါတ်ဆီဆိုင်မှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရတဲ့ လူ ၈ ဦးကို ဆေးရုံတင်ထားရပြီး၊ နောက်ထပ်သေဆုံးသူတွေကို ရှာဖွေနေသလို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြောင်း အိုင်ယာလန်ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဓါတ်ဆီဆိုင်မှာဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် အနီးအနားက လူနေအိမ်တိုက်ခန်းတွေကို ထိမှန်ခဲ့ပါတယ်။ အိုင်ယာလန်အရေးပေါ် ကယ်ဆယ်ရေးဌာနကလည်း ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ သောကြာနေ့ တညလုံး ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံထဲမှာတော့ ဓါတ်ဆီဆိုင် အဆောက်အအုံတခုလုံး ပျက်စီးနေပါတယ်။ ဓါတ်ဆီဆိုင် နောက်မှာရှိနေတဲ့ နှစ်ထပ် လူနေအဆောက်အုံလည်း ပြိုကျခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ နေရာနဲ့ ပေ ၅၀၀ လောက် အကွာမှာရှိတဲ့ အိမ်မှာနေနေတဲ့ Kieran Gallagher ကတော့ ပေါက်ကွဲမှု အသံဟာ ဗုံးပေါက်ကွဲတဲ့ အသံနဲ့ တူတယ်လို့ ပြောပါတယ်။ အိုင်ယာလန်ရဲတပ်ဖွဲ့အပါအဝင် အရပ်ဘက် ကာကွယ်ရေးတပ်တွေလည်း အကူညီပေးနေကြသလို ဒဏ်ရာရသူတွေကို Letterkenny တက္ကသိုလ်ဆေးရုံကနေ မြို့တော် Dublin ကို ကမ်းခြေစောင့် ရဟတ်ယာဉ်နဲ့ သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။

==== Unicode ====





XS
SM
MD
LG