သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရေတပ်ဖျက်သင်္ဘော ဖိလစ်ပိုင်ကုန်တင်သင်္ဘောနဲ့ တိုက်မှု ကန် ၇ ယောက်ပျောက်နေ


အမေရိကန်ရေတပ်ရဲ့ ဖျက်သဘောၤတစင်း။
အမေရိကန်ရေတပ်ရဲ့ ဖျက်သဘောၤတစင်း။

အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတစ်စင်း နဲ့ ဖိလစ်ပိုင်ကုန်သင်္ဘောတစင်းတို့ ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ စနေနေ့ အစောပိုင်းက တိုက်မိပြီး၊ အမေရိကန်ဘက်က သင်္ဘောသား ၇ ယောက်ပျောက်ဆုံးနေတယ်လို့ အမေရိကန်ရေတပ်က ပြောလိုက်ပါတယ်။

သင်္ဘောသား ၇ ယောက်ပျောက်ဆုံးပြီး၊ အမေရိကန်ရေတပ်သင်္ဘောနဲ့ ဂျပန်ကမ်းခြေစောင့်တပ်တွေက အဲဒီလူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

ရေယာဉ်မှူး Bryce Benson အပြင် နောက်ထပ် သင်္ဘောသား ၂ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသွားတဲ့ အဲဒီ ၃ ဦးကို ဆေးကုသဖို့အတွက် အမေရိကန်ရေတပ်သင်္ဘော USS Fitzgerald ပေါ်ကနေ Yokosuka မှာရှိတဲ့ အမေရိကန်ရေတပ်ဆေးရုံ ပြောင်းလိုက်တယ်လို့ ပြောပါတယ်။ ရေယာဉ်မှူးကြီးရဲ့ အခြေအနေကတော့ တည်ငြိမ်မှုရှိပြီး၊ သင်္ဘောသား ၂ ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာတွေရခဲ့တဲ့အတွက် ကုသမတွေလုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်ကုန်သင်္ဘောဘက်ကတော့ - တစ်ယောက်မှာ ဒဏ်ရာမရဘူးလို့ ပြောပါတယ်။ ဒီသင်္ဘော ၂ စင်းဟာ ဂျပန်နိုင်ငံ ယိုကိုဆူကာကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၅၆ မိုင်အကွာမှာ စနေနေ့မနက် ဒေသစံတော်ချိန် ၂ နာရီခွဲလောက်မှာ တိုက်မိကြတာဖြစ်တယ်လို့ အမေရိကန်ရေတပ်ဘက်က ပြောပါတယ်။

ဂျပန်နိုင်ငံ NHK ရုပ်သံက ရဟတ်ယာဉ်ပေါ်ကနေ ရိုက်ပြတဲ့ ဗီဒီယိုမှတ်တမ်းတွေအရတော့ - အမေရိကန်စစ်သင်္ဘောဟာ စက်ထိန်းခန်းအရှေ့ ညာဘက်အခြမ်းမှာ အတော်လေးကို ထိခိုက်သွားပြီး၊ ရေတွေဝင်နေတာကြောင့် ဂျပန်ကမ်းခြေစောင့် သင်္ဘောကနေ အကူအညီပေးနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG