သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆယ္ေက်ာ္သက္မ်ား ဗီဒီယိုဂိမ္းကစားခ်ိန္ တရုတ္ ေလွ်ာ႔ခ်ကန္႔သတ္


People play online games in an internet cafe in downtown Shanghai.

တ႐ုတ္ႏိုင္ငံမွာ အသက္ ၁၈ ႏွစ္ေအာက္ဆယ္ေက်ာ္သက္ခေလးေတြကို ကြန္ျပဴတာ ဂိန္း ကစားတဲ့အခ်ိန္ကို တပတ္ ကို ၃ နာရီဘဲ ကစားရမယ္လို႔ အာဏာပိုင္ေတြ တိုးႁမွင့္ကန္႔သတ္လိုက္ပါတယ္။

တ႐ုတ္အစိုးရရဲ႕ အမ်ိဳးသားစာနယ္ဇင္းဦးစီးဌာန NPPA က စည္းမ်ဥ္းထုတ္ျပန္လိုက္တာပါ။ ဒီဌာနဟာ တ႐ုတ္ျပည္မွာရွိတဲ့ ကြန္ျပဴတာဂိန္း ေစ်းကြက္ကို ေစာင့္ၾကည့္ထိန္းခ်ဳပ္တဲ့ဌာနျဖစ္ပါတယ္။

အခ်ိန္ ၃ နာရီဘဲကစားရမယ္လို႔ သတ္မွတ္လိုက္႐ုံတင္မကဘဲ၊ ေသာၾကာ၊ စေန၊ တနဂၤေႏြေန႔ စတဲ့အားလပ္ရကေတြမွာ၊ ညေန ၈ နာရီကေန ၉ နာရီအထိ တရက္ကို တနာရီဘဲကစားရမယ္ လို႔သတ္မွတ္လိုက္တာပါ။

ဒီဥပေဒအသစ္ကိုလိုက္နာေအာင္လုပ္ဖို႔ ဗြီဒီယို ဂိမ္းကုမၸဏီေတြအေနနဲ႕ အသုံးျပဳသူေတြကို နာမည္ရင္းေတြ နဲ ့အေကာင့္အမွန္ေတြအတိုင္းသာလက္ခံရမွာျဖစ္ပါတယ္။ အသုံးျပဳသူအေနနဲ႕သတ္မွတ္ထားတဲ့ အခ်ိန္ျပည့္သြားပါက ကြန္ျပဴတာဂိမ္းဟာ သူ႔အလိုလို ပိတ္သြားမွာျဖစ္ပါတယ္။

အရင္က တရက္ကို ၁ နာရီခဲြကစားခြင့္ျပဳၿပီး၊ ပိတ္ရက္ေတြမွာ ၃ နာရီကစားခြင့္ျပဳခဲ့ပါတယ္။ တ႐ုတ္ျပည္မွာ အသက္မျပည္ေသးတဲ့ ခေလးသူငယ္ ၅၂ ရာႏႈန္းဟာ ဂိမ္းကစားတယ္လို႔ုဆိုပါတယ္။

ဗြီဒီယိုဂိမ္းကို စိတ္ပိုင္းဆိုင္ရာအရစဲြမက္ေစတဲ့ ဘိန္း တမ်ိဳးျဖစ္တယ္လို႔ တ႐ုတ္အစိုးရကေခၚဆိုခဲ့ပါတယ္။ ငယ္ရြယ္သူ ဆယ္ေက်ာ္သက္ေတြဟာ တိုင္းျပည္ရဲ႕ အနာဂတ္ျဖစ္တယ္လို႔ အမ်ိဳးသားစာနယ္ဇင္းဦးစီးဌာန NPPA ကေျပာဆိုပါတယ္။

================

ဆယ်ကျော်သက်များ ဗီဒီယိုဂိမ်းကစားချိန် တရုတ် လျှော့ချကန့်သတ်

တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ်အောက်ဆယ်ကျော်သက်ခလေးတွေကို ကွန်ပြူတာ ဂိန်း ကစားတဲ့အချိန်ကို တပတ် ကို ၃ နာရီဘဲ ကစားရမယ်လို့ အာဏာပိုင်တွေ တိုးမြှင့်ကန့်သတ်လိုက်ပါတယ်။

တရုတ်အစိုးရရဲ့ အမျိုးသားစာနယ်ဇင်းဦးစီးဌာန NPPA က စည်းမျဉ်းထုတ်ပြန်လိုက်တာပါ။ ဒီဌာနဟာ တရုတ်ပြည်မှာရှိတဲ့ ကွန်ပြူတာဂိန်း ဈေးကွက်ကို စောင့်ကြည့်ထိန်းချုပ်တဲ့ဌာနဖြစ်ပါတယ်။

အချိန် ၃ နာရီဘဲကစားရမယ်လို့ သတ်မှတ်လိုက်ရုံတင်မကဘဲ၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ စတဲ့အားလပ်ရကတွေမှာ၊ ညနေ ၈ နာရီကနေ ၉ နာရီအထိ တရက်ကို တနာရီဘဲကစားရမယ် လို့သတ်မှတ်လိုက်တာပါ။

ဒီဥပဒေအသစ်ကိုလိုက်နာအောင်လုပ်ဖို့ ဗွီဒီယို ဂိမ်းကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူတွေကို နာမည်ရင်းတွေ နဲ့အကောင့်အမှန်တွေအတိုင်းသာလက်ခံရမှာဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားပါက ကွန်ပြူတာဂိမ်းဟာ သူ့အလိုလို ပိတ်သွားမှာဖြစ်ပါတယ်။

အရင်က တရက်ကို ၁ နာရီခွဲကစားခွင့်ပြုပြီး၊ ပိတ်ရက်တွေမှာ ၃ နာရီကစားခွင့်ပြုခဲ့ပါတယ်။ တရုတ်ပြည်မှာ အသက်မပြည်သေးတဲ့ ခလေးသူငယ် ၅၂ ရာနှုန်းဟာ ဂိမ်းကစားတယ်လို့ဆိုပါတယ်။

ဗွီဒီယိုဂိမ်းကို စိတ်ပိုင်းဆိုင်ရာအရစွဲမက်စေတဲ့ ဘိန်း တမျိုးဖြစ်တယ်လို့ တရုတ်အစိုးရကခေါ်ဆိုခဲ့ပါတယ်။ ငယ်ရွယ်သူ ဆယ်ကျော်သက်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တယ်လို့ အမျိုးသားစာနယ်ဇင်းဦးစီးဌာန NPPA ကပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG