သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္တိုက္ပြဲ စစ္ေျပးဒုကၡသည္ေတြကို ရွမ္းျပည္လူထုကူညီ


ရွမ္းျပည္နယ္၊ ဆီဆိုင္ၿမိဳ႕က ဘုန္းႀကီးေက်ာင္းမွာ ခိုလံႈလာၾကတဲ့ စစ္ေဘးေရွာင္ဒုကၡသည္မ်ား။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF ၊ ေဒသခံ PDF အဖြဲ႕ေတြၾကား ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ တၿမိဳ႕လုံးနီးပါး အိုးအိမ္ပစ္ ထြက္ေျပးေနၾကပါတယ္။ ခုလိုထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ေတြ ယာယီခိုလႈံႏိုင္ဖို႔ အနီးအနား ရွမ္းျပည္နယ္ ၿမိဳ႕လူထုေတြက ေနရာထိုင္ခင္းေပး ကူညီႀကိဳဆိုတာေတြလည္းရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို နန္းေလာဝ္က တင္ျပပါတယ္။

ကယားျပည္နယ္ၿမိဳ႕ေတာ္ လြိဳင္ေကာ္အနီးတဝိုက္မွာ ေနထိုင္ေနၾကသူေတြဟာ စစ္ေကာင္စီနဲ႔ ေဒသခံေတြဟာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြၾကား အျပန္အလွန္ ပစ္ခတ္ တိုက္ခိုက္မႈေတြ၊ လက္နက္ႀကီးဒဏ္ေတြေၾကာင့္ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ တနဂၤေႏြေန႔ကတည္းက ၿမိဳ႕လုံးကြၽတ္နီးပါး ထြက္ေျပးေနၾကသူအမ်ားစုက ရွမ္းျပည္ေတာင္ပိုင္းကို ထြက္ေျပးခဲ့ၾကပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ႕မွာ ကယားျပည္နယ္က စစ္ေဘးလြတ္ေအာင္ ထြက္ေျပးသူေတြ တနဂၤေႏြေန႔ထဲက စေရာက္လာခဲ့ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခုလိုလြိဳင္ေကာ္ၿမိဳ႕ ဘက္က ထြက္ေျပးလာၾကသူေတြအတြက္ ေနရာထိုင္ခင္း အကူအညီေပးမယ္လို႔ Facebook လူမႈကြန္ယက္ေပၚမွာ ကမ္းလွမ္းသူေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိခဲ့ပါတယ္။ အဲဒီလို ကမ္းလွမ္းကူညီေနသူေတြထဲက ဆီဆိုင္ၿမိဳ႕ခံ ခြန္ေက်ာ္ေဆြက မေန႔က စ ေရာက္လာသူ လူ ၁,၀၀၀ ေက်ာ္ ခိုလႈံႏိုင္မယ့္ ေနရာ ၅ ခု ကို အခုေလာေလာဆယ္မွာ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။

"ဆီဆိုင္မွာေတာ့ က်ေနာ္တို႔ဆရာေတာ္ရဲ႕ ၫႊန္ၾကားခ်က္အရက ၅ ေနရာ စီစဥ္ ထားတယ္ဗ်။ ေလာေလာဆယ္ ဒီအေနအထားေရာက္လာေတာ့ မေန႔ကစၿပီးေတာ့ က်ေနာ္တို႔ Post တင္လိုက္တဲ့အခါမွာ ဒီေန႔ေရာက္လာတဲ့စစ္ေဘးေရွာင္က ၅၀၀ နည္းနည္းေက်ာ္လာၿပီဗ်။ ကေလးေရာ၊ လူႀကီးေရာ၊ တခ်ိဳ႕ မက်န္းမာတဲ့လူေတြလည္း ပါတယ္ဗ်။ ေမြးကင္းစကေလးလည္း ပါတယ္။ ေနာက္ၿပီးေတာ့ ကိုယ္ဝန္သည္ေတြ လေစ့တဲ့အမ်ိဳးသမီးေတြလည္း ပါတယ္ဗ်။ ဒီမွာက စားဝတ္ေနေရးလိုမယ္။ ေနာက္ အိပ္ယာလိတ္လိုမယ္ေပါ့။ အဲဒီအပိုင္းေတြ လိုတယ္ဗ်။"

စစ္ေျပးဒုကၡသည္ေတြ ေနထိုင္စားေသာက္ဖို႔အတြက္ ဘုန္းႀကီးေက်ာင္း၊ စာသင္ ေက်ာင္းေတြမွာ လူဦးေရမ်ားမ်ား လက္ခံေနသလို၊ ကိုယ့္ရဲ႕ေနအိမ္နဲ႔ အေဆာင္၊ ေျမကြက္လပ္ေတြမွာ ယာယီေနထိုင္ႏိုင္ဖို႔အတြက္ကိုလည္း တႏိုင္တပိုင္ ကူညီေပးေနသူေတြ ရွိလာပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေအာင္ပန္းၿမိဳ႕မွာဆိုရင္ အခေၾကးေငြမယူဘဲ ဒုကၡသည္ေတြ ေနထိုင္ဖို႔အတြက္ အခမဲ့ငွားေပးေနတာေတြလည္း ရွိတယ္လို႔ ကိုယ္တိုင္ကူညီေပးေနတဲ့ ေဒသခံတဦးကေျပာပါတယ္။

"သူတို႔ေနဖို႔နဲ႔ စားဖို႔အတြက္ကို က်ေနာ့္ရဲ႕ တႏိုင္တပိုင္ရယ္၊ က်ေနာ့္မိတ္ေဆြ အသိုင္းအဝိုင္းေတြက ကူညီတာေတြနဲ႔ စမယ္ေပါ့ေနာ္။ လက္ရွိအေနအထားကေတာ့ မေန႔က ထိ က်ေနာ္တို႔ဘက္မွာ ေအးခ်မ္းေနပါတယ္။ စစ္ေရွာင္ေတြကလည္း အခု မေန႔ကမွ စလာၾကတာဆိုေတာ့ေလ။ ဒီေန႔အေနအထားကေတာ့ ဘာမွန္းမသိေသးဘူးေပါ့။"

ခုလိုေနရာထိုင္ခင္းအတြက္ ကူညီေနၾကသလို စစ္ေဘးလြတ္ရာ ထြက္ေျပးသူေတြအတြက္ ေမာ္ေတာ္ယာဥ္အခမဲ့ စီစဥ္ေပးသူေတြလည္း ရွိေနပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္ကေန ေနအိမ္စြန႔္ခြာထြက္ေျပးလာသူ တဦးကေတာ့ ၿမိဳ႕ကေနထြက္လာတဲ့ လမ္းတေလွ်ာက္ စစ္ေကာင္စီတပ္ေတြ စစ္ေဆးတာေတြရွိေနၿပီး ထြက္ေျပးလာသူမ်ားလို႔ လမ္းပိတ္ဆို႔တာေတြလည္း ႀကဳံခဲ့ရတယ္လို႔ ေျပာပါတယ္။

"အကုန္လုံးထြက္ေျပးပါ၊ ေရွာင္ေတာ့ဆိုေတာ့ က်မတို႔လည္း ဒီစစ္တပ္ေတြၾကားမွာေနရေတာ့ က်မတို႔အေပၚကို ရဟတ္ယာဥ္ေတြေကာ၊ တိုက္ေလယာဥ္ေတြေကာ အၿမဲတမ္းဆင္းတယ္၊ သြားတယ္။ က်မတို႔ေခါင္းေပၚမွာ ေန႔တိုင္းပဲ ျဖတ္သြားျဖတ္လာလုပ္တယ္။ ၿပီးရင္ လက္နက္ႀကီးေတြလည္း ထုတာေပါ့။ က်မတို႔ေခါင္းေပၚပဲ ျဖတ္သြားေတာ့ က်မတို႔လည္း ကေလးငယ္နဲ႔ဆိုေတာ့ ကေလးကိုလည္းသနားတဲ့အတြက္ ဒီဘက္ကိုျပန္ေျပးလာတာေပါ့ေနာ္။ ေသနတ္သံမၾကားရရင္ ရၿပီဆိုၿပီးေတာ့ က်မတို႔ထြက္လာတာပါ။"

စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ကယားျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ တိုက္ပြဲေတြဆက္တိုက္ဆိုသလို ရွိေနၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးပစ္ခတ္တာ၊ ေလေၾကာင္းကေန တိုက္ခိုက္တာေတြေၾကာင့္ ေဒသခံေတာ္ေတာ္မ်ားမ်ား ေဘးလြတ္ႏိုင္မယ့္ေနရာေတြဆီ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရတာပါ။ နယ္ေျမမတည္ၿငိမ္လို႔ ကိုယ့္ရဲ႕အိုးအိမ္စြန႔္ခြာ ထြက္ေျပးလာရေပမယ့္ တခ်ိန္မွာ အိမ္ျပန္ႏိုင္ဖို႔ကို ေမွ်ာ္လင့္ေနသူတဦးကေတာ့ သူ႔ရဲ႕ေနအိမ္ မပ်က္စီးဖို႔အတြက္ ဆုေတာင္းေနပါတယ္။

"က်မတို႔ေျပးေနရတာ တႏွစ္ေတာင္ျပည့္ေတာ့မယ္။ က်မတို႔ ဆိုက္ေခါင္ကိုေျပးလိုက္ ၿပီးရင္ ႐ြာမွာျပန္ေရာက္လာလိုက္ လြိဳင္ေကာ္ျပန္ေျပးလိုက္နဲ႔ အခုေနာက္တေခါက္ ထပ္ေျပးရျပန္ၿပီ။ က်မတို႔ အိမ္မျပန္ရတာ ဟိုးစျဖစ္ကတည္းက က်မတို႔ေျပးေနရေတာ့ေလ တႏွစ္ျပည့္ေတာ့မယ္။ က်မတို႔အိမ္ကလည္း စစ္တပ္နဲ႔နီးေတာ့ လုံးဝျပန္ေနမရတဲ့အေနအထားမွာ ရွိေနေတာ့ က်မတို႔ လြိဳင္ေကာ္မွာေျပးေရွာင္တာလည္း ၾကာၿပီ။ အခု ဒီထိေရာက္လာတာေပါ့ေနာ္။ က်မတို႔အိမ္လည္း ဘာမွမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းရမွာေပါ့။ အိမ္ေတြမီးရႈိ႕တာေတြ ျဖစ္ေနေတာ့ က်မတို႔အိမ္ေတြက်န္ခဲ့ပါေစလို႔ပဲ ေမွ်ာ္ရမွာေပါ့ေနာ္။ အဓိကက က်မတို႔ပစၥည္းေတြ ဝင္ခိုးခံရတယ္၊ အိမ္ေတြေဖာက္ခံရတယ္။ အိမ္ပဲက်န္ခဲ့ေပးပါလို႔ပဲ ဆုေတာင္းရမွာေပါ့။ အိမ္တလုံးေဆာက္ဖို႔ဆိုတာ မလြယ္တဲ့ကိစၥေပါ့။ အဲဒါ အိမ္ကိုေတာ့ ႏွေျမာတယ္ေပါ့။ တခ်ိန္ခ်ိန္အိမ္ျပန္ေရာက္တဲ့ အခ်ိန္က်ရင္ ကိုယ့္အိမ္နဲ႔ ကိုယ့္အိုးနဲ႔ အဲလိုျပန္ျမင္ခ်င္ေသးတယ္ေပါ့ေနာ္။"

တိုက္ပြဲေတြျပင္းထန္ေနၿပီး စစ္ေကာင္စီတပ္ေတြဘက္က လက္နက္ႀကီးေတြအျပင္ ေလေၾကာင္းကေနပါ တိုက္ခိုက္ေနတဲ့အတြက္ လြိဳင္ေကာ္ၿမိဳ႕ ထဲက မိုင္းလုံး၊ ပန္ကန္း၊ ႐ြာတန္းရွည္စတဲ့ ေနရာေတြတဝိုက္ ျပည္သူတြ အသြားအလာ လုံးဝမလုပ္ၾကဖို႔ကို ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က အသိေပးထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

လွိုင်ကော်တိုက်ပွဲ စစ်ပြေးဒုက္ခသည်တွေကို ရှမ်းပြည်လူထုကူညီ

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ၊ ဒေသခံ PDF အဖွဲ့တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တမြို့လုံးနီးပါး အိုးအိမ်ပစ် ထွက်ပြေးနေကြပါတယ်။ ခုလိုထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေ ယာယီခိုလှုံနိုင်ဖို့ အနီးအနား ရှမ်းပြည်နယ် မြို့လူထုတွေက နေရာထိုင်ခင်းပေး ကူညီကြိုဆိုတာတွေလည်းရှိပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို နန်းလောဝ်က တင်ပြပါတယ်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်အနီးတဝိုက်မှာ နေထိုင်နေကြသူတွေဟာ စစ်ကောင်စီနဲ့ ဒေသခံတွေဟာ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးဒဏ်တွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တနင်္ဂနွေနေ့ကတည်းက မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေကြသူအများစုက ရှမ်းပြည်တောင်ပိုင်းကို ထွက်ပြေးခဲ့ကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ကယားပြည်နယ်က စစ်ဘေးလွတ်အောင် ထွက်ပြေးသူတွေ တနင်္ဂနွေနေ့ထဲက စရောက်လာခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလိုလွိုင်ကော်မြို့ ဘက်က ထွက်ပြေးလာကြသူတွေအတွက် နေရာထိုင်ခင်း အကူအညီပေးမယ်လို့ Facebook လူမှုကွန်ယက်ပေါ်မှာ ကမ်းလှမ်းသူတွေလည်း တော်တော်များများရှိခဲ့ပါတယ်။ အဲဒီလို ကမ်းလှမ်းကူညီနေသူတွေထဲက ဆီဆိုင်မြို့ခံ ခွန်ကျော်ဆွေက မနေ့က စ ရောက်လာသူ လူ ၁,၀၀၀ ကျော် ခိုလှုံနိုင်မယ့် နေရာ ၅ ခု ကို အခုလောလောဆယ်မှာ စီစဉ်ထားတယ်လို့ ပြောပါတယ်။

"ဆီဆိုင်မှာတော့ ကျနော်တို့ဆရာတော်ရဲ့ ညွှန်ကြားချက်အရက ၅ နေရာ စီစဉ် ထားတယ်ဗျ။ လောလောဆယ် ဒီအနေအထားရောက်လာတော့ မနေ့ကစပြီးတော့ ကျနော်တို့ Post တင်လိုက်တဲ့အခါမှာ ဒီနေ့ရောက်လာတဲ့စစ်ဘေးရှောင်က ၅၀၀ နည်းနည်းကျော်လာပြီဗျ။ ကလေးရော၊ လူကြီးရော၊ တချို့ မကျန်းမာတဲ့လူတွေလည်း ပါတယ်ဗျ။ မွေးကင်းစကလေးလည်း ပါတယ်။ နောက်ပြီးတော့ ကိုယ်ဝန်သည်တွေ လစေ့တဲ့အမျိုးသမီးတွေလည်း ပါတယ်ဗျ။ ဒီမှာက စားဝတ်နေရေးလိုမယ်။ နောက် အိပ်ယာလိတ်လိုမယ်ပေါ့။ အဲဒီအပိုင်းတွေ လိုတယ်ဗျ။"

စစ်ပြေးဒုက္ခသည်တွေ နေထိုင်စားသောက်ဖို့အတွက် ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းတွေမှာ လူဦးရေများများ လက်ခံနေသလို၊ ကိုယ့်ရဲ့နေအိမ်နဲ့ အဆောင်၊ မြေကွက်လပ်တွေမှာ ယာယီနေထိုင်နိုင်ဖို့အတွက်ကိုလည်း တနိုင်တပိုင် ကူညီပေးနေသူတွေ ရှိလာပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာဆိုရင် အခကြေးငွေမယူဘဲ ဒုက္ခသည်တွေ နေထိုင်ဖို့အတွက် အခမဲ့ငှားပေးနေတာတွေလည်း ရှိတယ်လို့ ကိုယ်တိုင်ကူညီပေးနေတဲ့ ဒေသခံတဦးကပြောပါတယ်။

"သူတို့နေဖို့နဲ့ စားဖို့အတွက်ကို ကျနော့်ရဲ့ တနိုင်တပိုင်ရယ်၊ ကျနော့်မိတ်ဆွေ အသိုင်းအဝိုင်းတွေက ကူညီတာတွေနဲ့ စမယ်ပေါ့နော်။ လက်ရှိအနေအထားကတော့ မနေ့က ထိ ကျနော်တို့ဘက်မှာ အေးချမ်းနေပါတယ်။ စစ်ရှောင်တွေကလည်း အခု မနေ့ကမှ စလာကြတာဆိုတော့လေ။ ဒီနေ့အနေအထားကတော့ ဘာမှန်းမသိသေးဘူးပေါ့။"

ခုလိုနေရာထိုင်ခင်းအတွက် ကူညီနေကြသလို စစ်ဘေးလွတ်ရာ ထွက်ပြေးသူတွေအတွက် မော်တော်ယာဉ်အခမဲ့ စီစဉ်ပေးသူတွေလည်း ရှိနေပါတယ်။ ဒီးမော့ဆိုမြို့နယ်ဘက်ကနေ နေအိမ်စွန့်ခွာထွက်ပြေးလာသူ တဦးကတော့ မြို့ကနေထွက်လာတဲ့ လမ်းတလျှောက် စစ်ကောင်စီတပ်တွေ စစ်ဆေးတာတွေရှိနေပြီး ထွက်ပြေးလာသူများလို့ လမ်းပိတ်ဆို့တာတွေလည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

"အကုန်လုံးထွက်ပြေးပါ၊ ရှောင်တော့ဆိုတော့ ကျမတို့လည်း ဒီစစ်တပ်တွေကြားမှာနေရတော့ ကျမတို့အပေါ်ကို ရဟတ်ယာဉ်တွေကော၊ တိုက်လေယာဉ်တွေကော အမြဲတမ်းဆင်းတယ်၊ သွားတယ်။ ကျမတို့ခေါင်းပေါ်မှာ နေ့တိုင်းပဲ ဖြတ်သွားဖြတ်လာလုပ်တယ်။ ပြီးရင် လက်နက်ကြီးတွေလည်း ထုတာပေါ့။ ကျမတို့ခေါင်းပေါ်ပဲ ဖြတ်သွားတော့ ကျမတို့လည်း ကလေးငယ်နဲ့ဆိုတော့ ကလေးကိုလည်းသနားတဲ့အတွက် ဒီဘက်ကိုပြန်ပြေးလာတာပေါ့နော်။ သေနတ်သံမကြားရရင် ရပြီဆိုပြီးတော့ ကျမတို့ထွက်လာတာပါ။"

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကယားပြည်နယ်ထဲက မြို့နယ်တချို့မှာ တိုက်ပွဲတွေဆက်တိုက်ဆိုသလို ရှိနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ဒေသခံတော်တော်များများ ဘေးလွတ်နိုင်မယ့်နေရာတွေဆီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ နယ်မြေမတည်ငြိမ်လို့ ကိုယ့်ရဲ့အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရပေမယ့် တချိန်မှာ အိမ်ပြန်နိုင်ဖို့ကို မျှော်လင့်နေသူတဦးကတော့ သူ့ရဲ့နေအိမ် မပျက်စီးဖို့အတွက် ဆုတောင်းနေပါတယ်။

"ကျမတို့ပြေးနေရတာ တနှစ်တောင်ပြည့်တော့မယ်။ ကျမတို့ ဆိုက်ခေါင်ကိုပြေးလိုက် ပြီးရင် ရွာမှာပြန်ရောက်လာလိုက် လွိုင်ကော်ပြန်ပြေးလိုက်နဲ့ အခုနောက်တခေါက် ထပ်ပြေးရပြန်ပြီ။ ကျမတို့ အိမ်မပြန်ရတာ ဟိုးစဖြစ်ကတည်းက ကျမတို့ပြေးနေရတော့လေ တနှစ်ပြည့်တော့မယ်။ ကျမတို့အိမ်ကလည်း စစ်တပ်နဲ့နီးတော့ လုံးဝပြန်နေမရတဲ့အနေအထားမှာ ရှိနေတော့ ကျမတို့ လွိုင်ကော်မှာပြေးရှောင်တာလည်း ကြာပြီ။ အခု ဒီထိရောက်လာတာပေါ့နော်။ ကျမတို့အိမ်လည်း ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပေါ့။ အိမ်တွေမီးရှို့တာတွေ ဖြစ်နေတော့ ကျမတို့အိမ်တွေကျန်ခဲ့ပါစေလို့ပဲ မျှော်ရမှာပေါ့နော်။ အဓိကက ကျမတို့ပစ္စည်းတွေ ဝင်ခိုးခံရတယ်၊ အိမ်တွေဖောက်ခံရတယ်။ အိမ်ပဲကျန်ခဲ့ပေးပါလို့ပဲ ဆုတောင်းရမှာပေါ့။ အိမ်တလုံးဆောက်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပေါ့။ အဲဒါ အိမ်ကိုတော့ နှမြောတယ်ပေါ့။ တချိန်ချိန်အိမ်ပြန်ရောက်တဲ့ အချိန်ကျရင် ကိုယ့်အိမ်နဲ့ ကိုယ့်အိုးနဲ့ အဲလိုပြန်မြင်ချင်သေးတယ်ပေါ့နော်။"

တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့အတွက် လွိုင်ကော်မြို့ ထဲက မိုင်းလုံး၊ ပန်ကန်း၊ ရွာတန်းရှည်စတဲ့ နေရာတွေတဝိုက် ပြည်သူတွ အသွားအလာ လုံးဝမလုပ်ကြဖို့ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ထားပါတယ်။

#MyanmarViolence #MyanmarIDP #KayahFighting #VOABurmese

#လွိုင်ကော် #ကယား #စစ်ဘေးရှောင် #ဆီဆိုင် #အောင်ပန်း #စစ်ကောင်စီ #ဗွီအိုအေ

========

XS
SM
MD
LG