သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နမၼတူနဲ႔တႏိုင္း အထက္တန္းေက်ာင္းတခ်ိဳ႕မွာ ကိုဗစ္ေရာဂါပိုးေတြ႔ရွိ


{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္နဲ႔ ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕နယ္က အေျခခံပညာ အထက္တန္းေက်ာင္းေတြမွာ တက္ေရာက္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ တခ်ိဳ႕နဲ႔ ဆရာမေတြမွာ ကိုဗစ္ကပ္ေရာဂါ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ဘက္က ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္က အထက ၁ ေက်ာင္းမွာ အသက္ ၁၂ ႏွစ္အထက္ရွိတဲ့ ေက်ာင္းသားလူငယ္ေတြကို ႏိုဝင္ဘာ ၂၂ ရက္၊ တနလၤာေန႔က ကိုဗစ္ေရာဂါ ကာကြယ္ေဆး မထိုးခင္မွာ ေရာဂါရွိ၊ မရွိ စစ္ေဆးခဲ့ပါတယ္။ အဲဒီလိုစစ္ေဆးရာက ေက်ာင္းသူ ၂ ဦးနဲ႔ ေက်ာင္းသား ၁ ဦးတို႔မွာ ကိုဗစ္ပိုးေတြ႕ရွိၿပီးတဲ့ေနာက္ သူတို႔ရဲ႕ အတန္းေဖာ္ေတြကိုလည္း စစ္ေဆးခဲ့တယ္လို႔ ေက်ာင္းသားမိဘတဦးက ေျပာပါတယ္။

"က်ေနာ့္သားေလးကိုယ္တိုင္က အထက ၁ မွာ Grade 7 တက္ေနတာေပါ့ေနာ္။ မေန႔က သူ႔အတန္းမဟုတ္တဲ့ တျခားအတန္းက ကေလးက အဲလိုျဖစ္တယ္ဆိုေတာ့ မိဘေတြက ဒီေန႔ေက်ာင္းမလႊတ္ဘူးဗ်။ ေက်ာင္းမလႊတ္ဘဲ အိမ္မွာထားထားၿပီးေတာ့ သူ႔ရဲ႕အတန္းပိုင္ဆရာမ ျဖစ္သူက ေန႔လည္ ၁၂ နာရီေလာက္က ဖုန္းေခၚလာတယ္။ သူ႔အတန္းေဖာ္ထဲက ၁ ေယာက္ Positive ေတြ႔လို႔ေပါ့ေနာ္။ အဲဒါ ေက်ာင္းတက္တဲ့ကေလးေတြကို ေက်ာင္းမွာ ႏွာေခါင္းတို႔ပတ္ စစ္ခ်င္တယ္ ဆိုလို႔ က်ေနာ့္သားကို ပို႔ေပးခဲ့တယ္။ က်ေနာ့္သားကေတာ့ Negative ထြက္တယ္ဗ်။ စိုးရိမ္တဲ့မိဘအမ်ားစုကေတာ့ ေက်ာင္းသာဖြင့္တာ မလႊတ္ၾကဘူးဗ်။ က်ေနာ္ဆို မလႊတ္ဘူးပဲ။ ေလာေလာဆယ္ မေန႔ကေတြ႔တဲ့ အခန္းေတြကိုေတာ့ ေက်ာင္းမလာခိုင္းဘူး။ Negative ထြက္တဲ့ ကေလးေတြကိုေတာ့ အိမ္ျပန္ပို႔တာေပါ့ေနာ္။ Positive ကေလးေတြကေတာ့ ေဆး႐ုံမွာပဲ care လုပ္ထားမလား၊ အဲဒါေတာ့ က်ေနာ္ေသခ်ာမသိဘူး။"

ကိုဗစ္အတည္ျပဳေက်ာင္းသားေတြရဲ႕ အတန္းေဖာ္ေတြကို ႏွာေခါင္းတို႔ပတ္ယူ စစ္ေဆးခဲ့ၿပီး အတန္းကို ပိတ္ထားေပမယ့္ ေက်ာင္းက က်န္တဲ့အတန္းေတြကိုေတာ့ ဆက္ၿပီးဖြင့္ထားပါတယ္။ က်န္းမာေရးဌာနက ႏိုဝင္ဘာ ၂၂ ရက္ ထုတ္ျပန္ တဲ့ ဓာတ္ခြဲအတည္ျပဳလူနာ စာရင္းထဲမွာေတာ့ ရွမ္းျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာ ၂၉၁ ဦးနဲ႔ အမ်ားဆုံးေနရာမွာ ႐ွိေနဆဲျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက အသက္ ၁၂ ႏွစ္ကေန ၁၈ ႏွစ္ၾကား ေက်ာင္းသူ ေက်ာင္းသားေတြကုိ ကုိဗစ္ကာကြယ္ေဆးေတြ ထိုးေပးေနသလို တႏိုင္ငံလုံးမွာရွိတဲ့ အေျခခံပညာေက်ာင္းေတြကို ျပန္လည္ဖြင့္ထားေပမဲ့ ကိုဗစ္ကပ္ေရာဂါကူးစက္မွာ စိုးရိမ္တာေရာ၊ ႏိုင္ငံေရး၊ လံုၿခံဳေရး အေျခအေန စိုးရိမ္တာေၾကာင့္ပါ တခ်ဳိ႕ေက်ာင္းသူ ေက်ာင္းသားေတြကေတာ့ ေက်ာင္း မတက္ၾကပါဘူး။

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕နယ္က အထက ၁ ေက်ာင္းမွာလည္း ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက ဆရာမ ၁ ဦးနဲ႔ ေက်ာင္းသား ၃ ဦးမွာ ကိုဗစ္ေရာဂါပိုး စစ္ေဆးေတြ႔ရွိခဲ့ပါတယ္။ သူတို႔ရဲ႕အတန္းေဖာ္ေတြထဲက ေနာက္ထပ္ ၃ ဦးမွာလည္း ကိုဗစ္ေရာဂါရွိေနတာ ထပ္ၿပီးအတည္ျပဳႏိုင္ခဲ့တယ္လို႔ အဲဒီေက်ာင္းမွာ တက္ေရာက္ေနသူတဦးရဲ႕ အုပ္ထိန္းသူက ေျပာပါတယ္။

"အဲဒီအခန္းထဲက ေက်ာင္းသူတေယာက္ကို ေမးၾကည့္တာ မင္းတို႔ေက်ာင္းမွာ ကိုဗစ္ေတြ႔တယ္ဆို ဆိုေတာ့ ... ဟုတ္တယ္၊ က်မတို႔အခန္းမွာေတြ႔တာတဲ့။ အဲဒါေၾကာင့္မို႔ မေန႔က က်မတို႔အားလုံးကို စစ္တယ္။ တခန္းလုံးကိုစစ္ေတာ့ ၃ ေယာက္ထပ္ေတြ႔တယ္လို႔ ေျပာတယ္။ ဒီမနက္ေတာ့ သူတို႔ေက်ာင္းသြားဖို႔ ျပင္ဆင္ေနခ်ိန္မွာ က်ေနာ္ေမးလိုက္တာ ဟုတ္တယ္။ ဒီေန႔ ဆရာမက ဘာေျပာလာမလဲ မသိဘူး၊ ေက်ာင္းေတာ့သြားၾကည့္ရမယ္ ဆိုၿပီးေတာ့ အဝတ္အစားလဲၿပီးေတာ့ သြားၾကတာပဲ။"

တႏိုင္းၿမိဳ႕နယ္ထဲမွာ ကိုဗစ္ေရာဂါျဖစ္ပြားမႈ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ၿမိဳ႕အဝင္မွာ ေရာဂါစစ္ေဆးတာေတြရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုရက္ပိုင္းေတြထဲ ဖ်ားနာသူေတြရွိလာေပမယ့္လည္း သူတို႔မွာ ကိုဗစ္ေရာဂါပိုး ရွိ၊ မရွိဆိုတာကိုေတာ့ သိႏိုင္ဖို႔ခက္တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"ဖ်ားတဲ့သူေတြကေတာ့ အမ်ားႀကီးရွိတယ္။ ဖ်ားတယ္ဆိုတာကေတာ့ တုပ္ေကြးလား၊ ကိုဗစ္လားေတာ့ မသိဘူး။ ကေလးေတြမွာေရာ၊ လူႀကီးေတြမွာေရာ ဒီအပတ္အတြင္းမွာ ေတာ္ေတာ္ေလးေတာ့ ဖ်ားၾကတယ္။ ဒါေပမယ့္ ေသခ်ာစစ္ေဆးၾကည့္တာမဟုတ္တဲ့အခါက်ေတာ့ ကိုဗစ္လား၊ တုပ္ေကြးလား ဆိုတာေတာ့ ခြဲျခားရတာေတာ့ ခက္တာေပါ့။ ဖ်ားပုံ ဖ်ားနည္းကလည္း အားလုံးနီးပါးတူတယ္။ က်ေနာ္တို႔ေမးၾကည့္တာေတာ့ ေန႔လည္ပိုင္း အခ်ိန္မွန္မွန္ဖ်ားတဲ့ ပုံစံမ်ိဳးေတြေပါ့ေနာ္။ အဲလို ဖ်ားပုံမ်ိဳးေတြက ေတာ္ေတာ္ေလးတူၾကတယ္။"

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၄ ရက္ေန႔တုန္းကလည္း မႏၲေလးၿမိဳ႕က ပညာေရးေကာလိပ္ TTC မွာ သင္တန္းတက္ေနသူ ၁၉ ဦး အစုလိုက္ ကိုဗစ္ကူးစက္ေနတာ ေဆးစစ္ေတြ႔႐ွိခဲ့ပါတယ္။ ေဒသတြင္း ကိုဗစ္ကူးစက္မႈ အေျခအေနေတြေၾကာင့္ Stay at Home ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ကေတာ့ ၃၉ ၿမိဳ႕နယ္ က်န္ရွိေနပါေသးတယ္။ အေျခခံပညာေက်ာင္းေတြကို ျပန္ဖြင့္ထားၿပီးေတာ့ ေက်ာင္းသားလူငယ္ေတြ ကာကြယ္ေဆးထိုးႏိုင္ဖို႔ကို ေဆာင္႐ြက္ေနတဲ့အခ်ိန္မွာပဲ ေက်ာင္းတက္ေနသူတခ်ိဳ႕မွာ အခုလို ေရာဂါပိုးရွိေနတာကို စစ္ေဆးေတြ႕ရွိေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=================

{{Unicode}}

နမ္မတူနဲ့တနိုင်း အထက်တန်းကျောင်းတချို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်နဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ တချို့နဲ့ ဆရာမတွေမှာ ကိုဗစ်ကပ်ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်က ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်က အထက ၁ ကျောင်းမှာ အသက် ၁၂ နှစ်အထက်ရှိတဲ့ ကျောင်းသားလူငယ်တွေကို နိုဝင်ဘာ ၂၂ ရက်၊ တနင်္လာနေ့က ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးခင်မှာ ရောဂါရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ အဲဒီလိုစစ်ဆေးရာက ကျောင်းသူ ၂ ဦးနဲ့ ကျောင်းသား ၁ ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိပြီးတဲ့နောက် သူတို့ရဲ့ အတန်းဖော်တွေကိုလည်း စစ်ဆေးခဲ့တယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

"ကျနော့်သားလေးကိုယ်တိုင်က အထက ၁ မှာ Grade 7 တက်နေတာပေါ့နော်။ မနေ့က သူ့အတန်းမဟုတ်တဲ့ တခြားအတန်းက ကလေးက အဲလိုဖြစ်တယ်ဆိုတော့ မိဘတွေက ဒီနေ့ကျောင်းမလွှတ်ဘူးဗျ။ ကျောင်းမလွှတ်ဘဲ အိမ်မှာထားထားပြီးတော့ သူ့ရဲ့အတန်းပိုင်ဆရာမ ဖြစ်သူက နေ့လည် ၁၂ နာရီလောက်က ဖုန်းခေါ်လာတယ်။ သူ့အတန်းဖော်ထဲက ၁ ယောက် Positive တွေ့လို့ပေါ့နော်။ အဲဒါ ကျောင်းတက်တဲ့ကလေးတွေကို ကျောင်းမှာ နှာခေါင်းတို့ပတ် စစ်ချင်တယ် ဆိုလို့ ကျနော့်သားကို ပို့ပေးခဲ့တယ်။ ကျနော့်သားကတော့ Negative ထွက်တယ်ဗျ။ စိုးရိမ်တဲ့မိဘအများစုကတော့ ကျောင်းသာဖွင့်တာ မလွှတ်ကြဘူးဗျ။ ကျနော်ဆို မလွှတ်ဘူးပဲ။ လောလောဆယ် မနေ့ကတွေ့တဲ့ အခန်းတွေကိုတော့ ကျောင်းမလာခိုင်းဘူး။ Negative ထွက်တဲ့ ကလေးတွေကိုတော့ အိမ်ပြန်ပို့တာပေါ့နော်။ Positive ကလေးတွေကတော့ ဆေးရုံမှာပဲ care လုပ်ထားမလား၊ အဲဒါတော့ ကျနော်သေချာမသိဘူး။"

ကိုဗစ်အတည်ပြုကျောင်းသားတွေရဲ့ အတန်းဖော်တွေကို နှာခေါင်းတို့ပတ်ယူ စစ်ဆေးခဲ့ပြီး အတန်းကို ပိတ်ထားပေမယ့် ကျောင်းက ကျန်တဲ့အတန်းတွေကိုတော့ ဆက်ပြီးဖွင့်ထားပါတယ်။ ကျန်းမာရေးဌာနက နိုဝင်ဘာ ၂၂ ရက် ထုတ်ပြန် တဲ့ ဓာတ်ခွဲအတည်ပြုလူနာ စာရင်းထဲမှာတော့ ရှမ်းပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၉၁ ဦးနဲ့ အများဆုံးနေရာမှာ ရှိနေဆဲဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား ကျောင်းသူ ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေသလို တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်ထားပေမဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မှာ စိုးရိမ်တာရော၊ နိုင်ငံရေး၊ လုံခြုံရေး အခြေအနေ စိုးရိမ်တာကြောင့်ပါ တချို့ကျောင်းသူ ကျောင်းသားတွေကတော့ ကျောင်း မတက်ကြပါဘူး။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က အထက ၁ ကျောင်းမှာလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဆရာမ ၁ ဦးနဲ့ ကျောင်းသား ၃ ဦးမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့အတန်းဖော်တွေထဲက နောက်ထပ် ၃ ဦးမှာလည်း ကိုဗစ်ရောဂါရှိနေတာ ထပ်ပြီးအတည်ပြုနိုင်ခဲ့တယ်လို့ အဲဒီကျောင်းမှာ တက်ရောက်နေသူတဦးရဲ့ အုပ်ထိန်းသူက ပြောပါတယ်။

"အဲဒီအခန်းထဲက ကျောင်းသူတယောက်ကို မေးကြည့်တာ မင်းတို့ကျောင်းမှာ ကိုဗစ်တွေ့တယ်ဆို ဆိုတော့ ... ဟုတ်တယ်၊ ကျမတို့အခန်းမှာတွေ့တာတဲ့။ အဲဒါကြောင့်မို့ မနေ့က ကျမတို့အားလုံးကို စစ်တယ်။ တခန်းလုံးကိုစစ်တော့ ၃ ယောက်ထပ်တွေ့တယ်လို့ ပြောတယ်။ ဒီမနက်တော့ သူတို့ကျောင်းသွားဖို့ ပြင်ဆင်နေချိန်မှာ ကျနော်မေးလိုက်တာ ဟုတ်တယ်။ ဒီနေ့ ဆရာမက ဘာပြောလာမလဲ မသိဘူး၊ ကျောင်းတော့သွားကြည့်ရမယ် ဆိုပြီးတော့ အဝတ်အစားလဲပြီးတော့ သွားကြတာပဲ။"

တနိုင်းမြို့နယ်ထဲမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် မြို့အဝင်မှာ ရောဂါစစ်ဆေးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုရက်ပိုင်းတွေထဲ ဖျားနာသူတွေရှိလာပေမယ့်လည်း သူတို့မှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိဆိုတာကိုတော့ သိနိုင်ဖို့ခက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဖျားတဲ့သူတွေကတော့ အများကြီးရှိတယ်။ ဖျားတယ်ဆိုတာကတော့ တုပ်ကွေးလား၊ ကိုဗစ်လားတော့ မသိဘူး။ ကလေးတွေမှာရော၊ လူကြီးတွေမှာရော ဒီအပတ်အတွင်းမှာ တော်တော်လေးတော့ ဖျားကြတယ်။ ဒါပေမယ့် သေချာစစ်ဆေးကြည့်တာမဟုတ်တဲ့အခါကျတော့ ကိုဗစ်လား၊ တုပ်ကွေးလား ဆိုတာတော့ ခွဲခြားရတာတော့ ခက်တာပေါ့။ ဖျားပုံ ဖျားနည်းကလည်း အားလုံးနီးပါးတူတယ်။ ကျနော်တို့မေးကြည့်တာတော့ နေ့လည်ပိုင်း အချိန်မှန်မှန်ဖျားတဲ့ ပုံစံမျိုးတွေပေါ့နော်။ အဲလို ဖျားပုံမျိုးတွေက တော်တော်လေးတူကြတယ်။"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့တုန်းကလည်း မန္တလေးမြို့က ပညာရေးကောလိပ် TTC မှာ သင်တန်းတက်နေသူ ၁၉ ဦး အစုလိုက် ကိုဗစ်ကူးစက်နေတာ ဆေးစစ်တွေ့ရှိခဲ့ပါတယ်။ ဒေသတွင်း ကိုဗစ်ကူးစက်မှု အခြေအနေတွေကြောင့် Stay at Home ထုတ်ပြန်ထားတဲ့ မြို့နယ်ကတော့ ၃၉ မြို့နယ် ကျန်ရှိနေပါသေးတယ်။ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ထားပြီးတော့ ကျောင်းသားလူငယ်တွေ ကာကွယ်ဆေးထိုးနိုင်ဖို့ကို ဆောင်ရွက်နေတဲ့အချိန်မှာပဲ ကျောင်းတက်နေသူတချို့မှာ အခုလို ရောဂါပိုးရှိနေတာကို စစ်ဆေးတွေ့ရှိနေတာလည်း ဖြစ်ပါတယ်။

#Covid19 #MyanmarCovid #VOABurmese

#ကိုဗစ်ကူးစက်မှု#နမ္မတူ#တနိုင်း#အထက်တန်းကျောင်း

================

XS
SM
MD
LG